၂၃-၁-၂၀၁၂(ဓါတ်ပုံ)AP
မနေ့ ကညနေပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း
နေအိမ်မှာ မစ္စတာ ဂျွန် မက်ကိန်းနှင့်တစ်နာရီနီးပါ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပြီး သတင်း
ထောက်များကို “အမေရိကန်နိုင်ငံက ဒီ Sanctions တွေ စလုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းလို့ရှိရင် ဒီ Sanctions တွေကို ရုတ်သိမ်းပေးမယ်ဆိုတာ ပြောထားပြီးသားပါ။ သူတို့ သတ်မှတ်ထားတဲ့ခြေလှမ်းတွေ လှမ်းပြီးရင်တော့ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်း တွေက ကြားဖြတ်ရွေးကောက်ပွဲ တခုတည်းတော့ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်နဲ့ ပတ်သက်ပြီးသူရဲ့အမြင်ကို ပြောပါတယ်။

ဇော်တူး