Tuesday, January 24, 2012

ပဲခူးတွင် လွတ်မြောက်လာသော
နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲပြုလုပ်

မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဂရင်းဆိုရှယ်ခန်းမရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်သည်။ 


 ပဲခူးရွှေမော်ဓောဘုရားအဆင်းတွင်ယာဉ်ထိန်းရဲအရာရှိတစ်ဦးကိုကိုမင်းကိုနိုင်မှ““ကျနော်တို့ပြန်
တော့မယ် အခုလိုကူညီတာ ကျေးဇူးတင်ပါတယ်””ဟု ဆိုကာ လက်ဆွဲနှုတ်ဆက် ခဲ့သည်။ ပဲခူးမြို့တစ်လျှောက်တွင် ကိုမင်းကိုနိုင်တို့ စီးနင်းလာသော ယာဉ်တန်းအား ယာဉ်ထိန်းရဲများက လမ်းရှင်းကူညီခဲ့ကြသည်။

၂၄-၁-၂၀၁၂

၈၈ မျိုးဆက်ကျောင်းသားများ ပဲခူးသို့ ခရီးစဉ် ယခု ၇ နာရီခွဲတွင် ရန်ကုန်မှစထွက်နေပါပြီ။
ပဲခူးတွင် နိုင်ငံရေးသမားများ၊ တောင်သူလယ်သမားများနှင့် တွေ့ဆုံမည်ဖြစ်သည်။၈၈ ယခု ရွှေမော်
ဓော ဘုရားဖူးရန် တက်ရောက်သွားကြပြီဖြစ်သည်။
လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲကို ယနေ့ ၂၄ ရက် နံနက် 
ကိုးနာရီခွဲတွင် ပဲခူြး၊မို့၊ ဂရင်းဆိုရှယ်မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဗကသ အဖွဲ့ဝင်လူငယ်များ၊ မြို့ခံအန်အယ်လ်ဒီအဖွဲ့ဝင်များ၊ ပြည်သူများ ၊ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ တက်ရောက်ကြသည်။