၁၈-၁-၂၀၁၂
စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာ၏ အသက် ၉၃နှစ်ပြည့် မွေးနေ့အကြို အလှူပွဲကို
ဇန်နဝါရီလ၁၈ရက်နေ့က ရန်ကုန်မြို့ရှိ မဟာ သန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်တွင်
ပြုလုပ်ခဲ့ပါသည်။
ဆရာဒဂုန်တာရာကို ၁၉၁၉ခု နှစ်၊မေလ ၁၀ရက်နေ့တွင် အဖ ဦးဘအုန်း၊အမိဒေါ်ဖွားရှင်တို့
ကမွေး ဖွားခဲ့ပြီး နိုင်ငံရေးနှင့် စာပေနယ် နှစ်ရပ်လုံးတွင် ထင်ရှားသူဖြစ်ပါသည်။
အဆိုပါ အလှူပွဲသို့ နိုင်ငံရေး နယ်ပယ်နှင့် စာပေနယ်မှာ လူပုဂ္ဂိုလ်အများအပြား တက်ရောက်
ခဲ့ကြပြီး သဝဏ်လွှာဖတ်ကြားခြင်း အစီအစဉ် များကိုလည်း ပြုလုပ်ခဲ့ပါသည်။ထို့ အပြင် ဆရာ ဒဂုန်တာရာ၏ ငြိမ်း ချမ်းရေးပန်ကြားလွှာကိုလည်း ထိုနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါငြိမ်းချမ်းရေး ပန်ကြားလွှာတွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်
အင်အားစု များ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိုယ်စားလှယ် အဖွဲ့များအနေဖြင့် အပစ်အခတ်ရပ်ဆိုင်းရေးနှင့် ဆက် လက်ဆွေးနွေးရေးတို့အတွက် သဘောတူညီချက်များ
ရရှိပြီး လက်မှတ်ရေး ထိုးကြသည့် သတင်းများကို ကြား သိရကြောင်း၊ပြည်တွင်းငြိမ်းချမ်းရေး
ကို မြန်မာနိုင်ငံပြည်သူလူထုအနေ ဖြင့် လိုလားတောင့်တနေခဲ့သည် မှာ ၆၄နှစ် ကြာမြင့်ခဲ့ပြီ
ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးကြသော ကတိများကို လက်တွေ့လိုက်နာအကောင်အထည်
ဖော်ကြလိမ့်မည်ဟု ဆုတောင်းကြကြောင်း၊ ထိုသို့ လက်တွေ့ဆောင်ရွက်မည်ဆိုပါက
နှစ် ပေါင်း(၆၀)ကျော်ငြိမ်းချမ်းရေးနှင့် ကင်းဝေးနေခဲ့ရသော အမိနိုင်ငံကြီးသည် ငြိမ်းချမ်းရေး
ကိုပြန်လည်ခံ စားခွင့်ရရှိပြီး တိုင်းပြည်ကို အဖက်ဖက်မှ တိုးတက် ကောင်းမွန်လာအောင် ဆက်လက် ဆောင်ရွက်သွား နိုင်ကြသည့် လမ်းကြီးပွင့်လာဖွယ် ရှိကြောင်း အစရှိသဖြင့်
ငြိမ်းချမ်းရေး ပန်ကြားလွှာတွင် ထည့်သွင်းရေး သားခဲ့ပါသည်။

ကို