ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်ကို
ကျောင်းတိုက်ကနေဖယ်ရှား အရေးယူ ဖို့အတွက် ဇန္နဝါရီ ၁၉ ရက် လာမယ့်ကြာသပတေးနေ့မှာ
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေက ကာယကံရှင် ရွှေညဝါဆရာတော်ကို
လည်း ပင့်ဖိတ်ထားကြောင်း သိရပြီး ဒီကြားနာပွဲကို ရန်ကုန် ဗဟန်းမြို့နယ် ကြားတောရလမ်း
တိုင်းသံဃာ့မဟာနာယကအဖွဲ့ရုံးမှာ မွန်းလွဲပိုင်းမှာ ပြုလုပ်ဖို့ရှိနေပါတယ်။
ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မမီးမီး၊ မနီလာသိန်း၊ မမာမာဦး၊ ကိုစိုးထွန်း၊ ကိုကိုကြီး
(စမ်းချောင်း)၊ ကိုဇော်ရဲဝင်း၊ ကိုခင်မောင်ကြည်၊ ကိုဆန်နီ၊ ကိုတွက်ကီ(အမေရိကား)၊ဇော်ထက်
ကိုကို၊ ကိုကြီးသန်း၊ ကိုမင်းသူရိန်၊ ကိုအောင်သူ၊ ကိုဇေယျ၊ ကိုဇော်ဇော်မင်း၊ မဌေးဌေးဝင်း၊
မစန်းစန်းမော်တို့  လာရောက်တွေ့ ဆုံခဲ့ကြပါတယ်။
မြန်မာနိုင်ငံရေးမှာ ကိုယ်ကျိုးမဖက် တိုင်းပြည်နဲ့ လူမျိုးအတွက် ရဲရဲဝံ့ဝံ့ ဘ၀တွေကို ပေးဆပ်ခဲ့
တဲ့ ၈၈ ကျောင်းသားကောင်းဆောင်တွေက ရွှေညဝါဆရာတော်ကြီးရဲ့  ဘာသာရေး သာသနာ
ရေး နိုင်ငံရေး အမျိုးသားရေး လုပ်ဆောင်မှုတွေကို ၈၈ ထဲကမြင်ခဲ့ရလို့ စိုးရိမ်ကြပါတယ်။
ရွှေညဝါဆရာတော်ကြီး ကျောင်းတိုက်ကနေဖယ်ရှားခံရမှာကို စိုးရိမ်သောအားဖြင့် ကျောင်းတိုက်
သို့ လာရောက်ကြသော တကာတကာမတွေ အများအပြားရှိနေပြီး မနက်ဖန် ၁၉ ရက်နေ့ မှာ
ဗဟန်းမြို့နယ် ကြားတောရလမ်းမှာ လာရောက်စုဝေး တောင်းဆိုကြမည်ဟု သတင်းတွေထွက်
ပေါ်နေပါတယ်။