Monday, January 16, 2012

အစိုးရက ကေအိုင်​အေကို ငြိမ်းချမ်းရေး ဆက်တိုက်ကမ်းလှမ်းလာ

 
၁၆-၁-၂၀၁၂
 ကချင်လွတ်​မြောက်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) နဲ့  ​ ငြိမ်း​ချမ်း​ရေး​အဖွဲ့ ​တွေ တရုတ်နိုင်ငံ
ရွှေလီမှာ နိုင်ငံ​ရေး​ ​ဆွေး​နွေး​​ဖို့ ရှိပါတယ်။

 ဆွေး​နွေး​ပွဲကို ဗုဒ္ဓဟူး​နေ့ သတ်မှတ်ထား​ပေမယ့်​ ​နေရာအတွက် တရုတ် အစိုး​ရရဲ့​ ခွင့်​ပြုချက်
ရယူရဦး​မှာဖြစ်ပြီး​ ခွင့်​ပြုချက်ရရင် သတ်မှတ်ရက်မှာ ​ဆွေး​နွေး​သွား​မယ်လို့​ ​ကေအိုင်အို
ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။ပြည်​ထောင်စု အစိုး​ရအဆင့်​နဲ့ ​တွေ့ ​ဖို့ ကေအိုင်​အေက
ဗဟို​ကော်မတီအဖွဲ့ ဝင် ၆ ဦး​ကို ​ရွေး​ချယ်ထား​ပေမယ့်​ လိုအပ်ပါက အဖွဲ့ ဝင်ဦး​ရေ တိုး​သွား​မှာ
ဖြစ်ပြီး​ အစိုး​ရဘက်ကပြည်နယ်အဆင့်​ အရာရှိတချို့ ပါဝင်မှာ ဖြစ်ပါတယ်။

ဦး​လနန်း​က “အဓိကက​တော့​ အပစ်အခတ်ရပ်စဲ​ရေး​ကို သိပ်ပြီး​ မီး​မောင်း​မထိုး​ချင်ဘူး​ဗျ။
နိုင်ငံ​ရေး​ ​တွေ့ ဆုံ​ဆွေး​နွေးမှု ဖြစ်​ပေါ်လာဖို့ အတွက် လမ်း​ကြောင်း​ဖော်​ဆောင်​ရေး​ ​ဆွေး​နွေးဖို့ ပဲ
အဓိကထား​ပါတယ်။ နိုင်ငံ​ရေး​ ​တွေ့ ဆုံ​ဆွေး​နွေး​မှု အဆင့်​တိုင်း​ အဆင့်​တိုင်း​မှာ တဆင့်​ချင်း
တက်ပြီး​ အဆင်​ပြေလာတယ်ဆိုရင်​တော့​ ပစ်ခတ်မှုက လတ်မှတ်ထိုး​စရာ မလိုပါဘူး​။
သူ့​ဘာသာသူ ​ရှော​ရှောရှူရှူ အဆင်​ပြေသွား​မယ့်​ ကိစ္စရပ်​လေး​တွေပါ” လို့ ပြောပါတယ်။dvb

တခုတလော လက်နက်ကိုင်အဖွဲ့ တွေ ငြိမ်းချမ်းရေးယူနေတာတွေကို ဆက်တိုက်တွေ့ 
မြင်နေရပေမဲ့  ​ကေအိုင်​အေနဲ့ တော့ ဆွေးနွေးမှုတွေကြန့် ကြာနေပြီး နှစ်ဦးနှစ်ဖက်
အပြန်အလှန်နားလည်မှု ယူနေကြပါတယ်။အစိုးရဘက်ကတော့ ​ကေအိုင်​အေကို အမြန်
ဆုံးငြိမ်းချမ်းရေး ရယူဖို့ ကြိုးစားနေတာမြင်နေရပါတယ်။