Monday, January 16, 2012

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ မစ်ခ်ျ မက်ကောနဲလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည်နှင့် တွေ့ ဆုံ


















 ၁၆-၁-၂၀၁၂
အမေရိကန် ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ မစ်ခ်ျ မက်ကောနဲလ်
မြန်မာ နိုင်ငံကို ရောက်ရှိနေပြီး ၁၆ ရက်နေ့ ယနေ့ တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည်နဲ့ရော၊မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ရောတွေ့ပြီး နိုင်ငံရေး အသွင်ပြောင်းလဲမှု၊ နှစ်ဘက်အပြန်
အလှန်ဆက်ဆံရေးနဲ့ ဒေသတွင်းလုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ဆောင်ရွက်မှုများကို နှစ်သက်ကြောင်း
McConnell က ပြောကြားခဲ့ပြီး သမ္မတ ဦးသိန်းစိန်အား စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးသမား တယောက် ဖြစ်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း သူကဆိုသည်။
နိုင်ငံတာက အစိုးရတာဝန်ရှိသူများနှင့်နိုင်ငံခြားရေးဝန်ကြီးများ အဆက်မပြတ် လာရောက်တွေ့ ဆုံ
မှုသည် အစိုးရသစ်အဖို့  ရလဒ်ကောင်းများဖြစ်စေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်လဲရေး အားကောင်း
လာစေသော ခြေလှမ်းများသို့  ဦးတည်လာခဲ့သည်ဟု ဆိုသည်။
အထက်လွှတ်တော်အမတ် မစ္စတာ မစ်ခ်ျ မက်ကောနဲလ် သည် အမေရီကန်စီပွားရေးပိတ်ဆို့ မှုကို
ကိုင်တွယ်ဆောင်ရွက်သော အဓိကကျသူတဦးဖြစ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်လဲရေး တိုးတက်
လာလျှင် အမေရီကန်အနေဖြင့် စီပွားရေးပိတ်ဆို့ မှုမှ ပြန်လည်ဖွင့်ပေးရန် သဘောထားရှိသည်
ဟုပြောဆိုလိုက်ပြီး  ယခုလက်ရှိအခြေအနေအရ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု မြင်တွေ့ နေရပြီ
ဆိုသော်လည်း ပြုပြင်ပြောင်းလဲရန် များစွာကျန်ရှိနေသေးသည်။ တိုင်းရင်းသားလူမျိုးစုများနှင့်
စစ်မှန်သော ငြိမ်းချမ်းရေးရယူရန် အရေးတကြီးလိုအပ်နေပြီး စစ်ပွဲတွေရပ်ဆိုင်း၍ သဘောတူညီ
မှုစာချုပ်များ အမြန်ဆုံးအကောင်အထည်ဖေါ်ရန် လိုအပ်ပါသည်။
လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို
ဆောင့်ကြည့်ရမည်ဟု ပြောဆိုသွားသည်။