Monday, January 16, 2012

မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ ရှိ


မြန်မာ့အကြီး ဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသ တွင် တွေ့ ရှိရသည်ဟု မြေပုံနှင့်တကွဖေါ်
ပြထားသည်။အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုလ်တုဖြင့် မင်းတုန်းမင်းလက်ထက်က တူးဖော်ခဲ့ကြသည့် မြန်မာ့အကြီးဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်
ဒေသ တွင် တွေ့ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါရွှေကြောသည် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိနိုင်မည်ဖြစ်ပြီး နှစ်ရာကျော်ထိအောင် ကုန်ဆုံးနိုင်ခြင်းမရှိဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန
အငြိမ်းစား ပါမောက္ခဦးစိုးသိန်းက ပြောသည်။  ၄င်းရွှေကြောမှာ နေရာကြီးမား လွန်းသဖြင့်
နေရာခြောက်ခုခွဲပြီး Landast7 အရ ကောင်းကင်ဂြိုဟ်တုဖြင့်ရိုက်ယူရကာ ကရင် ပြည်နယ် မဲဝိုင်
ဒေသမှရွှေကြောသည် ရွှေကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ် ထဲတွင် မြုပ်နေကာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများထိပင် ရောက်ရှိနေကြောင်း သိရသည်။