Thursday, October 20, 2011

သမတကြီး၏ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ထပ်မံလွှတ်ပေးနိုင်သည်ဟု ဦးကိုကိုလှိုင်ပြောကြား

 ၂၀-၁၀-၂၀၁၁
 မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား(ခ)ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ ၂၀၀၀ ကျော် 
ရှိသည့်အနက်မှ၂၀၈ ဦးကိုပြန်လည် လွှတ်ပေးလိုက်သည်။ယုံကြည်ချက်ဟုခေါ်ဆိုရာတွင် နိုင်ငံရေး
ယုံကြည်မှုပင်ဖြစ်၍ နိုင်ငံရေးအကျဉ်းသားလို့ ပြောလျှင်မှားမည်မဟုတ်ပါ။မည်သို့ ပင်ခေါ်စေကာမှု
မြန်မာလူမျိုးနှင့် မြန်မာစကားနားလည်သူ ကမ္ဘာကတော့ အဓိပ္ပါယ် အတူတူလို့ သတ်မှတ်ကြပါတယ်။
မိမိလိုရာကိုဆွဲသုံးလေ့ရှိသော မဆလ န၀တ နအဖ အစိုးရသစ် ခေတ်အဆက်ဆက်တွင် ရှိခဲ့သည်ကို
လက်တွေ့ တွေမြင်နေရပါတယ်။
ယခင် နအဖနဲ့ ယခုအစိုးရ သစ်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ မရှိပါဘူးဆိုထားပေမဲ့ ယုံကြည်
ချက်ကြောင့်လို့  အစိုးရသစ်က သုံးစွဲခဲ့ပြီး ၂၀၈ ဦးပြန်လွှတ်ပေးခဲ့တဲ့အပေါ် နိုင်ငံတကာက ကြိုဆိုလိုက်
တယ်။ယုံကြည်ချက်ကြောင့်လို့ ဆိုထားသောကြောင့် မိမိတိုင်းပြည်နှင့် လူမျိုးတို့ အတွက် မားမားမတ်
မတ်ရပ်တည်ကာ ဒီမိုကရေစီအခွင့်အရေးနဲ့  လူ့ အခွင့်အရေးများရရှိရန် ငြိမ်းချမ်းသောနည်းဖြင့် တောင်း
ဆိုခဲ့၍ ဖမ်းဆီးအရေးယူခြင်းခံရပြီး ပုဒ်မအမျိုးဖြင့် လီစယ်ကာတတ်ပြီး နှစ်ရှည်ထောင်ဒါဏ်တွေ ချမှတ်
ခံခဲ့ရသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက နိုင်ငံတကာ အစိုးရများ အနိမ့်ဆုံး 
လိုက်နာရမဲ့ အကျဉ်းထောင်များရဲ့ စံချိန် စံညွန်းနဲ့ အညီ ယခုလိုတောင်းဆိုကြရတာဖြစ်တယ်။ 
ဒါကြောင့်လဲ နိုင်ငံတကာ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ
ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ကင်တားနားတို့က စိုးရိမ်ပူပန်စွာနဲ့ အနီးကပ်စောင့်ကြည့်
နေမှာ ဖြစ်ကြောင်း လူ့ အခွင့်အရေးချိုးဖေါက်မှုတွေရှိနေဆဲဟု မြန်မာအစိုးရကို သတိပေးခဲ့ပါတယ်။နိုင်ငံ
ရေးအကျဉ်လွှတ်ပေးမှု အပေါ်မှာလည်း ကြိုဆိုလိုက်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့ ဆိုရင် နိုင်ငံရေး
အကျဉ်းသားအားလုံး လွှတ်ပေးရမယ်လို့ ဆိုပါတယ်။ 

သမတကြီး ဦးသိန်းစိန်ရဲ့ မိန့် ခွန်းတွင် မတူတဲ့အမြင်တွေကိုဘေးဖယ်ထားပြီး တူညီတဲ့အလုပ်တွေကို ပူး
ပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ထို့ ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်နဲ့  တွေ့ 
ဆုံဆွေးနွေးချက်များရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးလည်းပါဝင်ခဲ့ပါတယ်။ဆက်လက်ပြီး တိုင်း
ပြည်ပြောင်းလဲမှုတွေရရှိအောင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ 
လိုပါတယ်။သမတ အကြံပေး ဦးကိုကိုလှိုင်၏ ပြောဆိုချက်အရ သမတအနေဖြင့် လွှတ်ငြိမ်ချမ်းသာခွင့်ထပ်
ပေးဖို့  လုပ်ပိုင်ခွင့် ရှိနေတယ်လို့  အသံများထွက်ပေါ်နေပါတယ်။ဒါဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ
အပေါင်းလက္ခဏာတခုပါ။အမြန်ဆုံးပြည်တွေရဲ့ ဆန္ဒကို ဖေါ်ဆောင်ပေးနိုင်တဲ့ ကောင်းမွန်တဲ့အစိုးရ သန့် 
ရှင်းသောအစိုးရ ဖြစ်နိုင်ပါစေ။