Thursday, October 20, 2011

အာဏာရှင် လစ်ဗျားခေါင်ဆောင် ကဒါဖီ ဆုံးခန်းတိုင်ပြီ



၂၀-၁၀-၂၀၁၁
အာဏာရှင် လစ်ဗျားခေါင်ဆောင် ကဒါဖီ သေဆုံးကြောင်း သတင်းများထွက်ပေါ်လျှက်ရှိ
ပါသည်။ကဒါဖီ၏ မွေးရပ်မြေဖြစ်သည့် ဆာ့တ်မြို့ တွင် တိမ်းရှောင်နေခဲ့ရာမှ အမျိုးသား
ကောင်စီ၏ တပ်များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးဖို့ 
ကြံစည်နေစဉ် ကဒါဖီကိုဒါဏ်ရာများနဲ့ ဖမ်းဆီးမိခဲ့ပြီး မျက်နှာတွင် သွေးသံရဲရဲဖြင့် သေဆုံးသွား
ကြောင်း သတင်းများထွက်ပေါ်နေပါသည်။
ကဒါဖီ၏ ရုပ်အလောင်းကို အနောက်ဘက်ခြမ်းရှိ မစ်စုရာတာမြို့ သို့  သယ်ဆောင်သွားပြီး
မြို့ တော် ထရစ်ပိုလီတွင် ပြည်သူများက အောင်ပွဲခံသည့်အနေဖြင့် လမ်းပေါ်ထွက်ကာ သေနတ်
ပစ်ဖေါက်၍ အော်ဟစ်နေကြသည်ဟု သိရှိရသည်။

မိမိကောင်းစားရေးကြိုးပမ်းခဲ့ပြီး မိသားစုချမ်းသာရေးကို ဦးစားပေးကာ သားသမီးများမြို့ စား
နယ်စားကြီးများလုပ်၍ ကြီးစိုးထားကြပြီး အာဏာကိုအလွဲသုံးစားလုပ်ကာ ပြည်သူများကို
ဒုက္ခပေါင်းများစွာပေးခဲ့ပြီး တိုင်းပြည်ပျက်ဆီးရသည့် ပြည်တွင်းစစ်ကိုဖန်တီးခဲ့သည်။စီးပွားရေး
မှန်သမျှ ချုပ်ကိုင်ထားပြီး ကမ္ဘာတွင်ချမ်းသာကြွယ်ဝသော အာဏာရှင်ကြီး နောက်ဆုံးတော့ 
မရှုမလှ ပစ်သတ်ခံခဲ့ရသောကျဆုံးမှုသည်ကား အာဏာရှင်တို့ အဖို့  စိတ်ခြောက်ခြား
ရပေလိမ့်မည်။ အာဏာရှင်တို့ ရဲ့ နောက်ဆုံးသွားရာလမ်းသည် အသေဆိုးဖြင့် သေခဲ့ရသည်။