ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့  အစလို့ ခေါ်နေချိန်မှာ အစိုးရသစ်အဖို့ တော့ စိန်ခေါ်မှုတွေ
နဲ့  ရင်ဆိုင်နေရပါတယ်။ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးကိုလိုလားတယ်လို့  နိုင်ငံတကာ
နဲ့ ပြည်သူများက အကဲခတ်စောင့်ကြည့်နေချိန်မို့  ယခုအချိန်ဟာ အရေးတဲ့အချိန်ကိုရောက်
နေပါတယ်။၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာ သိမ်းခဲ့ချိန်မှစ၍ ၄၉ နှစ်ရှိခဲ့ပါပြီ လူသားရပ်တည်
မှုနဲ့ လူ့ အခွင့်အရေးတွေဆုံးရုံးခဲ့ရပြီး နိုင်ငံသားတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရရှိဘဲ
ရက်ရက်စက်စက် သတ်ဖြတ်မှုတွေနဲ့  ဖိနှိမ့်မှုတွေရဲ့ အောက်မှာ ဘ၀တွေစတေးခဲ့ရပြီး ဒုက္ခ
ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။
ဒီမိုကရေစီရဲ့  အလင်းရောင်အစလေးမြင်တွေ့ ရလို့  ပြည်သူတွေဟာ အစိုးရသစ်ကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းပေါ်ကိုရောက်ဖို့  ပြည်သူ့ ဆန္ဒကိုငြိမ်းချမ်းစွာ ဖေါ်ထုတ်သောနည်းဖြင့် ပြသ၍ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့  ဆွဲခေါ်နေပါပြီ အစိုးရအနေနဲ့ လည်း ပြည်သူ့ ဆန္ဒကို အလေးထားကာ မြစ်ဆုံစီမံကိန်းက သာဒက တခုရှိခဲ့ပါပြီ။ပြည်သူတွေလည်း ဧရာဝတီလို့ ခေါ်
တဲ့မိခင်မြစ်ကြီးက ပေခဲ့တဲ့ သင်ခန်းစာနဲ့  ပြည်သူတွေ စည်းလုံးညီညွတ်မှုကိုရရှိပြီး ညီညွတ်
ခြင်း၏ ရလဒ်အဖြစ် သက်သေပြခဲ့၍ အနာဂတ် ဒီမိုကရေစီမှာ အတုယူဖို့ လိုပါတယ်။
မြန်မြန်ဆန်ဆန် ပြောင်းလဲလာနေတဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်တွေမှာ စစ်မှန်တဲ့ ဒီမိုကရေစီ
အခွင့်အရေးနဲ့  လူ့ အခွင့်အရေးတွေ ပြည်သူတွေရရှိဖို့ အတွက်နဲ့ သန့် ရှင်းသောအစိုးရတရပ်
ဖြစ်ပေါ်လာဖို့  ပြည်သူတွေမှာလည်း တာဝန်ရှိပြီး လူတဦးတယောက်ခြင်းစီအပေါ်မှာလည်း
အဓိကကြပါတယ်။ မိမိတို့ ရဲ့ တိုင်းပြည် တိုးတက်လာစေဖို့ အတွက် အစိုရ၏ လုပ်သမျှကို
လက်ပိုက်ကြည့်မနေဘဲ မှန်မှန်ကန်ကန် ရဲရဲဝင့်ဝင့် တင်ပြတောင်းဆိုပြီး အမှန်တရားကို
ရောက်အောင် ပြုပြင်ပြောင်းလဲရေးအတွက် အစကောင်းမှအနှောင်းသေချာမည်ဆိုသည့်
အတိုင်း ယခုအချိန်မှာ အစိုးရသစ်ကို ညီညွတ်မှုနဲ့ ပြသဖို့ လိုပါတယ်။
အတိုင်း ယခုအချိန်မှာ အစိုးရသစ်ကို ညီညွတ်မှုနဲ့ ပြသဖို့ လိုပါတယ်။
အစိုးရသစ်မှ လူ့ အခွင့်ရေးချိုးဖေါက်သံတွေ ကြားနေရဆဲအချိန်မှာ မုံရွာတဖက်ကမ်း
စလင်းကြီး လယ်ပဒေါင်းတောင်ဖက်မှာ ကြေးနီ စီမံကိန်းဆိုပြီး ရွာတွေ လယ်တွေ ကို အကိုဖျက်ခိုင်း ပြောင်းခိုင်းနေတယ်လို့  ရွာသားများရဲ့ အသံတွေထွက်ပေါ်နေပါတယ်။ဒါဟာ
အစိုးရသစ်အနေနဲ့  ပြုပြင်ပြောင်းလဲရေးကာလရဲ့  အနုတ်လက်က္ခာတွေပါ။ မြန်မာနိုင်ငံ
အမျိုးသား လူ့ အခွင့်ရေးကော်မရှင်ကို ဖွဲ့ စည်းလိုက်ပြီး တိုင်တန်းနိုင်သည့် ကြေညာချက်
ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို လူ့ အခွင့်ရေးချိုးဖေါက်မှုတွေ ပေါ်
ထွက်လာနေပါတယ် ဒါကို အစိုးရတရပ်အနေနဲ့  မှန်မှန်ကန်ကန်နဲ့ ဥပဒေစိုးမိုးမှုရှိအောင်
ပြည်သူတွေရဲ့  နစ်နာမှုတွေကို အလေးထားဆောင်ရွက်ရန် တာဝန်ရှိပါတယ်။
အခြေခံကျတဲ့ လူ့ အခွင့်အရေးအာမခံချက်မရှိရင် ဒီမိုကရေစီနိုင်ငံတော်လို့  ခေါ်လို့ မရ
ပါဘူး။ကမ္ဘာကလည်း အစိုးရသစ်၏ ပြုပြုင်ပြောင်းလဲမှုတွေကို စောင့်ကြည့်နေပြီး တိုး
တက်လာမှုတွေအပေါ်မှာ စဉ်စားကြမှာဖြစ်တဲ့အတွက် သန့် ရှင်းသောအစိုးရဖြစ်အောင်
ဥပဒေစိုးမိုးမှုရှိသည့်နိုင်ငံအဖြစ်နှင့် နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ်ကို ရှိနိုင်ဖို့ 
ကမ္ဘာကို လက်တွေ့ ပြဖို့  အချိန်တန်နေပြီဖြစ်ပါသည်။
ွ