Tuesday, October 11, 2011
တရုတ်နဲ့မြန်မာမြစ်ဆုံရေကာတာကိစ္စ ပြေလည်အောင်ဖြေရှင်း
သွားမည်ဟုသဘောတူညီချက် (ရုပ်/သံ)
မြစ်ဆုံစီမံကိန်းဆက်လုပ်မည်ဟု ဦးဝဏ္ဍမောင်လွင် ကတိပြုခဲ့
၁၀ရက်နေ့ ပီကင်း သတင်းဌာနမှ မြန်မာနိုင်ငံ မြစ်ဆုံစီမံကိန်းကို ရပ်နားလိုက်သည့်ကိစ္စနှင့်
ပါတ်သက်၍ ပြန်လည်သုံးသပ်ဖို့  နှစ်ဦးသဘောတူညီချက်များရရှိခဲ့သည်။တရုတ်နှင့်မြန်မာ
နှစ်နိုင်ငံ အကျိုးအမြတ်ရရှိစေဖို့ အတွက် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်သောနည်းဖြင့်  စီ
မံကိန်းလုပ်ငန်းကို ဆက်အကောင်အထည်ဖေါ်ရန် နှစ်ဦးသဘောတူညီ၍ ကတိပြုခဲ့ကြသည်။
ထိုကတိပြုလွှာကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Jiechiနှင့်မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍ 
မောင်လွင်တို့  တရုတ်နိုင်ငံပီကင်းတွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။ဆွေးနွေးပွဲအပြီး တရုတ်
နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက် ထွက်ပေါ်လာရာ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း
ရပ်နားမှုနှင့်ပါတ်သက်၍ နှစ်ဦးနှစ်ဘက် ဆွေးနွေးဆုံးဖြတ်ချက်များ ရရှိခဲ့သည်။
နှစ်နိုင်ငံနိုင်ငံခြားရေး ၀န်ကြီးများသည် ပူးပေါင်းဆောင်ရွက်ခဲ့သော စီမံကိန်း အောင်မြင်မှု
အတွက် နှစ်နိုင်ငံအခြား ငွေအပေးအယူလုပ်ခဲ့ပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုကို အား
ကျိုးမာန်တက် ပူးပေါင်းဆောင်ရွက်၍ နှစ်ဦးစလုံးဖေါ်ဆောင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအရ
ဆက်နွယ်မှုဖြင့် ဖြစ်ပေါ်နေသောပြဿနာ၏ အခြေအနေကို ဆွေးနွေးပြီး ဆုံး
ဖြတ်ချက်များ ရယူခဲ့ကြသည်။
 မောင်လွင်တို့ ဆွေးနွေးမှုရှိခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Jiechi က နှစ်နိုင်ငံချစ်ကြည်
ရေးဆွေးနွေးမှုများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံဖြစ်ပေါ်နေသော ပြဿနာကို နှစ်ဖက်
စလုံး အဖြေရှာဆောင်ရွက်ကြမည်။တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့် အိမ်နီးခြင်းနိုင်ငံဖြစ်ပြီး 
ဆက်ဆံရေးကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်မည်။တဦးနှင့်တဦး လေးစား၍ ညီတူ
မျှတူထားကာ ဆက်ဆံရေုးကို စံထားပြီး နှစ်နိုင်ငံအခြား လက်တွေ့ ကျသောပူးပေါင်းမှု
များဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်အောင် ကြိုးစားဖို့ ဆန္ဒရှိပါသည်။
ဦးဝဏ္ဍ မောင်လွင်သည် နှုတ်ဆက်ပြောဆိုပြီး သမတကြီး ဦးသိန်းစိန်မှ တရုတ် သမတ
Hu Jintao ထံသို့  စာတစောင်ရေးပို့ ခဲ့သည်ဆိုကာ ပေအပ်ခဲ့သည်။သမတ ဦးသိန်းစိန်
မြန်မာအစိုးရသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးကိုအလေးထားပြီး တရုတ်နှင့်ဆက်ဆံ
ရေးအဆင်မပြေဖြစ်လာမှုအပေါ် စိတ်မချမ်မသာဖြစ်ရသည်ဟုပြောဆိုသည်။
မြန်မာနိုင်ငံသည် တဦးနှင့်တဦး လေးစားမှုအပေါ် အကျိုးတူစီးပွား အောင်မြင်ရန် စိတ်
ထားရှိပြီး ထိုထက်ပိုပြီးနှစ်နိုင်ငံအခြား ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ကာ ဖွံ့ 
ဖြိုးတိုးတက်မှုများရရှိလာစေရန် တရုတ်နိုင်ငံနှင့်ဆက်သွယ် ဆက်ဆံသွားမည်ဟု ဦးဝဏ္ဍ
မောင်လွင်က ပြောကြားခဲ့သည်။
ဂျပန်ဘာသာမှ မြန်မာလိုပြန်ဆိုသည် မြသိန်း