Monday, October 10, 2011

စတင်တိုးတက်မှုနှင့် ပြောင်းလဲမှု

 ယနေ့ မြန်မာ့နိုင်ငံရေးအခြေနေမှာ လမ်းဆုံတခုကိုရောက်နေပြီဟုပြောရင်ရမည်ထင်ပါသည်။
လက်ရှိ သမ္မတဦးသိန်းစိန် ဦးဆောင်သောအစိုးရနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ စကားပြော
ဆွေးနွေးနေကြတာကို မြန်မာနိုင်ငံသားများသာမက မြန်မာနိုင်ငံကိုပြောင်းလဲစေလိုသော နိုင်ငံ
များက စိတ်ဝင်တစားစောင့်ကြည့်နေကြပါသည်။မကြာခင်ဆွေးနွေးနေမှုများကိုနှစ်ဖက်စလုံး
ကထုတ်ပြောလာဖို့ လည်းမျှော်လင့်ကြပါသည်။ အမျိုးမျိုးသော ဝေဖန်နေမှုများကိုလည်း
တွေ့ နေရပါသည်။သို့ သော်အများစုကတော့  ယခုလို စကားပြောဆွေးနွေးနေကြတာ ကိုကြို ဆိုကြပါသည်။ဒီနေရာမှာ ကျနော့်အမြင်တချို့ ကိုဖော်ပြလိုပါသည် ပြီးခဲ့သည့်ဩဂုတ်လ
၁၉ရက်နေ့ ကနေပြည်တော်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးသိန်းစိန်တို့  ပထမဆုံးအကြိမ်တွေ့ ဆုံဆွေးနွေးခဲ့ကြပါသည်။

ထိုသို့ တွေ့ ဆုံဆွေးနွေးနိုင်မှုသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်၏ တိုးတက်မှုအစဖြစ်ပါသည်။ပိုမို၍
မှန်ကန် သောဒီမိုကရေစီ  တိုးတက်မှုများရရှိလာအောင် နှစ်ဖက်လုံးမှကြိုးပမ်းနေကြသည်ဟု
ယုံကြည်ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ မတွေ့ ဆုံခင် ပြည်ထောင်စု
အစိုးရုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  နှစ်ကြိမ်တိုင်တိုင်တွေ့ ဆုံခဲ့ကြ
သည်။

သမ္မတနှင့်ဆွေးနွေးမည့်အကြောင်းအရာများကို နှစ်ဖက်လုံးမှကြိုတင်သတ်မှတ်ကြသည်ဟု
ယူဆနိုင်စရာရှိပါ သည်။ဒီနောက်ပိုင်းမှာတော့ အခြအနေအချို့ တိုးတက်လာတာ ကိုတွေ့ 
လာရပါသည်။သတင်းလွတ်လပ်ခွင့် အတန်အသင့်ရလာတာမျိုး၊ဒေါ်အောင်ဆန်းစုကြည်၏
ဆောင်းပါးများဂျာနယ်တချို့ တွင် ဖော်ပြခွင့်ရလာတာမျိုး၊လွှတ်တော်စည်းဝေးများတွင်
သတင်းသမားများအကန့်   အသတ် အချို့ တို့ ဖြင့်သတင်းယူခွင့်ရလာတာမျိုးတို့ ဖြစ်
ပါသည်။

ယခင်က ပြည်ဝင်ခွင့် မပြုခဲ့သောပြည်ပအခြေစိုက်သတင်းဌာနများမှ သတင်းထောက်များ
ကိုလည်းပြည်တွင်း ၀င်ရောက် သတင်းယူခွင့်ပြုခဲ့သည်ကိုတွေ့ ရပါသည်။စတုတ္ထမဏ္ဍိုင်ကို
အတိုင်းအတာဖြင့် လွတ်လပ်မှုပေးခဲ့သည်ဟုပြောရင်ရမည်ထင်ပါသည်။တချိန်ထဲ မြန်မာနိုင်ငံ
နေရာအတော်များများတွင် ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်နေမှုကို ဆန့် ကျင်ကန့် ကွက်
နေကြသော လူထုအသံများသည်လည်း ပွက်လောရိုက်နေခဲ့ပါသည်။ထိုဆန့် ကျင်ကန့် ကွက်မှု
များတွင် လူတန်းစားအလွှာပေါင်းစုံပါဝင်ပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများကလည်း မိမိတို့ ရောက်ရှိရာနိုင်ငံဒေသများတွင်တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြတာကို သတင်းမီဒီယာ တို့ မှတဆင့်ပြည်တွင်းပြည်ပ မြန်မာပြည်သူ တို့ သိခဲ့ကြရပါသည်။မြန်မာနိုင်ငံသားများ၏ ဆန္ဒကိုလေးစားလိုက်နာကာ သမ္မတကြီးဦးသိန်းစိန်မှ ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်မှု စီမံကိန်းကို၎င်းတို့  အစိုးရလက်ထက်တွင်ရပ် ဆိုင်းထားမည်ဟု့  စက်တင်ဘာ၃၀ ရက်နေ့ 
တွင် ကျင်းပနေဆဲလွှတ်တော်သို့ သမိုင်းဝင် သ၀ဏ်လွှာပေးပို့ ခဲ့ပါသည်။

မြန်မာနိုင်ငံသားများက အလွန်ဝမ်းသာကြိုဆိုခဲ့ကြပါသည်။ ငြင်း၍မရနိုင်သော အချက်များဖြစ်
ပါသည်။သို့ သော်ယခင်စစ်အစိုးရလက်ထက်ကနှင့်စာလျှင် အမှန်ပင်တိုးတက်လာသော်လည်း 
စတင်ပြောင်းလဲနေပြီဟုပြော၍မရသေးပါ။သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရရအနေနှင့်
အမှန်တ ကယ်ပြုပြင်ပြောင်းလဲလိုလျှင် နိုင်ငံရေးမူဝါဒတွေပြောင်းရမည်ဖြစ်ပါသည်။
                                                                                                                                                                                                           လက်ရှိအစိုးရအနေနှင့် ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်းကို ရဲရဲကြီးလျှောက်ရန်လိုပါ
သည်။နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးပြီး၂၀၀၈ ဖွဲ စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကို ဒီမိုကရေစီစနစ်နဲ့ အညီ အများလက်ခံလာနိုင်အောင် လွှတ်တော်တွင်
ပြုပြင်ပြောင်းလဲပေးခြင်း၊လူ့ အခွင့်အရေးကိုအစိုးရမှလေးစားလိုက်နမြှင့်တင်ပေးပြီးလူ့ အခွင့်
အရေး ချိုးဖောက်ခံနေရမှုများ လုံးဝပပျောက်အောင် အစိုးရမှတာဝန်ယူဆောင်ရွက်ပေးခြင်း၊
တိုင်းရင်းသားဒေသများတွင် စစ်ပွဲများကိုချက်ခြင်းရပ်ခြင်းတို့ ကို မဖြစ်မနေလုပ်ပေးရန်လို
ပါသည်။

သို့ မှသာပြုပြင်ပြောင်းလဲမှုစတင်နေပြီလို့ ပြောနိုင်မည်ထင်ပါသည်။ထို့ အတူ ဒီမိုကရေစီပြုပြင်
ပြောင်းလဲရေးအတွက် ဆွေးနွေးနေမှုများအပေါ် လူထုနှင့် နိုင်ငံတကာကပါ ကြိုဆိုမှုများနှင့်
အတူစိုးရိမ်စိတ်နှင့် သံသယစိတ်များလည်း လျော့ပါးသွားကြမည်ဖြစ်ပါသည်။မြန်မာနိုင်ငံ
၏ပြည်တွင်းနိုင်ငံရေးသမိုင်းကိုလည်း ခေတ်ကာလတွေပြောင်းလဲလာသော် ငြားမေ့ထားလို့ 
ရမည်မဟုတ်ပါ။မြန်မာ့နိုင်ငံရေး အကျပ်အတည်း(၀ါ)နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းကြရာတွင်
နိုင်ငံရေးအတိုက်အခံ တဦးတယောက် တစုတဖွဲ့ နှင့်အစိုးရတို့ သာဖြေရှင်းကြရုံဖြင့်နိုင်ငံ 
ရးပြဿနာများ အနာဂါတ်အတွက် လုံးဝပြေလည်သွားမည်မထင်ပါ။ယေဘုယျကျသော
ပဏာမအခြေအနေများကိုသာ တိုးတက်လာအောင် ဆွေးနွေးဖြေရှင်းနိုင်မည်ဖြစ်ပါသည်။   

အများပါဝင်ပတ်သက်(all inclusive) ကာဆွေးနွေးဖြေရှင်းကြဖို့ လိုပါလိမ့်မည်။မြန်မာနိုင်ငံ
သည်လူမျိုးစုများစုပေါင်းနေထိုင်ကြသောနိုင်ငံတခုဖြစ်ပါသည်။ထို့ အတူနိုင်ငံရေးအမြင် 
မတူကွဲပြားကြသော နိုင်ငံရေး အုပ်စုများ၊ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ တိုင်း
ရင်းသား   လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများနှင့် အခြားသောအဖွဲ့ အစည်းများ
ရှိနေကြပါသည်။သို့ သော်ထိုများပြားလှသောအဖွဲ့ အစည်းများတွင် ဒီမိုကရေစီနိုင်ငံ တည် 
ဆောက်လိုသည်ကတော့ လုံးဝတူညီနေကြသည့်အချက်ဖြစ်ပါသည်။သို့ ပါသောကြောင့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ ဆုံ
ဆွေးနွေးနေမှုများ အဆင့်တက်တိုးတက်လာပြီးသည့် နောက်တွင် နိုင်ငံရေးအမြင်မတူကွဲ
ပြားကြသာပြည်တွင်းပြည်ပရှိ   နိုင်ငံရေးအုပ်စုများ၊ဒီမိုကရေစီတော်လှန်ရေး အင်အားစု
များ၊တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများနှင့်အခြားသောအဖွဲ့ 
အစည်းများတို့ ပါ ပါဝင်ကြပြီး နိုင်ငံရေးပြဿနာများ ကို့် အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်း
အဖြေရှာကြဖို့ လိုပါသည်။    သို့ မှသာ ထာဝရငြိမ်းချမ်းရေးကို အုတ်မြစ်ချနိုင်ပြီး  စစ်မှန်
သောဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ကိုကိုအောင်
တိုကျို
အောက်တိုဘာ ၉ ရက်၊၂၀၁၁