Monday, October 3, 2011

အစိုးရသစ်၏ ကြိုးနီစနစ်ကြောင့် သတင်းစာလွတ်လပ်ခွင့်မရ။


မြန်မာနိုင်ငံမှာ ခေါက်ရိုးချိုးနေတဲ့ သတင်းစာဟာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အချိန်ကစပြီး စစ်တပ်ခေါင်းဆောင်းကြီးတွေရဲ့ သတင်းတွေနဲ့ သာ ပြည်သူတွေကို ဆိုရှယ်လစ်မှိုင်းသွင်းခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ အာဏာပြန်သိမ်းကာ စစ်အာဏာရှင်စံနစ်ကို အသက်သွင်းပြီး စစ်တပ်အာဘော် သတင်းစာဖြစ်ခဲ့ပါတယ်။သတင်းစာဆိုတဲ့ ပြည်သူတွေကို ပညာရစေမဲ့ အသိပညာ အတပ်ပညာနဲ့  သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ထားပြီး ကြိုးနီစနစ်ကိုမွေးမြူခဲ့သောကြောင့် လပ်စားမှုများပိုမိုများလာကာ ချစားမှုများဖြစ်ပေါ်စေခဲ့ ပါတယ်။အစိုးရသစ်အနေဖြင့် သန့် ရှင်းသောအစိုးတရပ်ပေါ်ပေါက်လာရေး ကြိုး စားနေရာ တွင် မလိုအပ်သော ဆင်ကျင်တုံတရားကင်းမဲ့မှုများကို အရေးယူဆောင်ရွက်ရန်လို အပ်ပေ သည်။

၇ ရက် စက်တင်ဘာလ ၂၀၁၁ ခုနေ့ က မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးမယ်ဆိုရင်
နိုင်ငံနဲ့ပြည်သူ အကျိုးထက် အပြစ်က ပိုများလာမှာ ဖြစ်တယ်လို့ မြန်မာ အစိုးရ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့ပါတယ်။ယခင် စစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်းကြီး 
တာဝန် ထမ်းဆောင်ခဲ့သလို လက်ရှိ ဦးသိန်းစိန် အစိုးရတွင်လည်း အစိုးရ ပြောရေးဆိုခွင့်နဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် တာဝန်ကို ဆက်လက် ထမ်းဆောင်နေသည့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ဖြစ်ပါသည်။  

 နေပြည်တော် ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးတာတွေကို  မြန်မာ အစိုးရ သတင်းစာ
တွေမှာ ဖော်ပြထားရာမှာ ဦးကျော်ဆန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါ တယ်။
သမ္မတ သိန်းစိန်နှင့်အတူ ကြံ့ဖွတ်အစိုးရသစ်တရပ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။တပြိုင် တည်း မှာပင် တစုံတရာပြောင်း လဲမှုကိုလိုလားသော သမ္မတ သိန်းစိန် နှင့် ရှေးရိုးစွဲတရား သေမူဝါဒကို လိုလားသော ၀န်ကြီးများကြောင့် နိုင်ငံရေး၊ လူ့ အခွင့်အရေးနှင့် စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်မှုများ လက်တွေ့မပြုနိုင်ဖြစ်နေဆဲ ဖြစ်သည်။မြန်မာနိုင်ငံမှာ သတင်း မီဒီယာလွတ်လပ်ခွင့်သည် တိုင်းပြည်၏ အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပြီး စတုတ္ထမဏ္ဍိုင် ဖြစ်ပါတယ်လို့  သမတကြီးကဆိုထားပေမဲ့ လက်တွေ့ မှာတော့ အာဏာ မက်မောသူတွေက အချိန်မတန်သေးဘူးလို့ ပြောနေပါတယ်။ 

သမတကြီး ရွေးချယ်ထားတဲ့ အစိုးရအဖွဲဟာ လက် တွေ့ ကျတဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို ဖီဆန်နေတာ တွေ့ ရပါတယ်။ အာဏာပိုင်တချို့ ဟာ လွတ်လပ်မှုဆိုသော လူ့ အခွင့်အရေးကြေညာ စာတမ်းကိုလေ့လာထား ပုံမပေါ်ပါဘူး။ဒီမိုကရေစီဖေါ်ဆောင်ရေးမှာ လက်တွေ့ မကျသော အတွေး အခေါ်များနှင့် ထိမ်းချုပ်မှုကိုလိုလားသူများရှိနေသရွေ့  စစ်မှန်သောလမ်းကြောင်း ပေါ်သို့  ရောက်မလာ 
နိုင်ပါဘူး။ အုပ်ချုပ်သူ လူတန်းစား၏ တွေးအခေါ် ညဏ်ပညာများသည်  ရင့်ကျက်ဖို့ လိုအပ် ပါတယ်။

နိုင်ငံတကာ သတင်းစာတွေရဲ့  ဖွဲ့ စည်းပုံနဲ့  နည်းပညာများကို လေ့လာဖို့ လိုအပ်ပါတယ်။ ကဏ္ဍပေါင်းစုံ ပါဝင်ဖို့ လိုသလို ပြည်သူတွေကိုအသိညဏ်ဖွင့်ဖြိုးစေဖို့  နိုင်ငံတကာ၏ ခေတ်နှင့် အညီ ဖြစ်စဉ်တွေ ကိုလည်း လေ့လာခွင့်ပေးရပါလိမ့်မည်။ ဒီမိုကရေစီအရ 
သတင်းစာ လွတ်လပ်ခွင့်
ဖွဲ့ စည်းပုံကိုလည်း လေ့လာထားပြီး တည်ဆောက်ရပေမည်။ ၁၉၆၂ ခုမှ၂၀၁၁ ခုနှစ်အထိ ၄၉ နှစ်ရှိခဲ့ပြီးဖြစ်သောလည်း စစ်တပ်ရဲ့ မှုဝါဒတွေနဲ့ ပြည်လျှံနေတုံးပါဘဲ။ အပြောင်းအလဲကိုခေတ်နှင့်အညီ ဥပဒေနှင့် မူဝါဒ တွေကိုပြုပြင်ပြောင်းလဲသင့်တာတွေကို ပြောင်းလဲပါ့မည်ဟု ကတိပြုထားသောလည်း သတင်းလွတ်လပ်ခွင့် အချိန်မတန်သေးဘူးလို့  ဆိုတာဟာ ပြည်သူတွေဟာ အာဏာရှင်စနစ်နဲ့  ဘဲတန်တယ်လို့ ဆော်ကားလိုက်တာပါ။ အပြောနဲ့ အလုပ် လက်တွေ့ မကျတဲ့ အစိုးရတရပ်ဟာ
ပြည်သူတွေရဲ့ ဆန္ဒတွေကို  ပြည့်စည်းပေးမဲ့ ဒီမိုကရေစီအစိုးရမဖြစ်နိုင်ပါဘူး။ပြည်သူတွေကို ပေးထားတဲ့ ကတိအတိုင်း ဖေါ်ဆောင်ပေးမှသာ အစိုးရတရပ်ရဲ့  ဂုဏ်သိက္ခာနဲ့ ညီညွတ် မှာဖြစ်ပါ တယ်။

ပြုပြင်ပြောင်းလဲ ရေးမှာ သတင်းစာ၏ အခန်းကဏ္ဍကိုမြင့်တင်ခြင်းအားဖြင့် အသိညဏ်ကြွယ်ဝသော တိုးတက် ဖွင့်ဖြိုးသော မြန်မာ နိုင်ငံအဖြစ်ရောက်ရှိလာမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။