ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က
လည်းမတ်လ ၃၁ ရက်နေ့တွင် ကျင်းပသော မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား
တွင် အစိုးရဌာနများ၌ ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန်
ထည့်သွင်းပြော ဆိုခဲ့ပါသည်။

“လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်ပြီး သတင်းထွက်ပေါ်နေသူတွေ၊ ပြည်သူလူထုက
တိုင်ကြားသူတွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်လို့ရနိုင်တဲ့နေရာဌာနတွေကို အဓိကထားပြီး စုံစမ်းဖော်ထုတ်နေပါတယ်။ လာဘ်ပေးလာဘ်ယူမလုပ်ဖို့လည်း မေတ္တာရပ်ခံထားတယ်။ လုပ်တဲ့သူတွေကိုလည်း သတိပေးထားတယ်၊ မလိုက်နာရင် လမ်းညွှန်ချက်တွေနဲ့ အညီအရေးယူ
သွားမှာပါ။ အရင်ကတည်းက လာဘ်ပေးလာဘ်ယူကိစ္စ တွေကို တားမြစ်အရေးယူပါတယ်။
အခုပိုပြီး တိတိကျကျလုပ်သွားဖို့ရှိပါတယ်” ဟုဝန်ကြီးဌာနတစ်ခုရှိ လာဘ်ပေးလာဘ်ယူ
တိုက်ဖျက်ရေး ဆိုင်ရာအဖွဲ့ဝင်တစ်ဦးကပြောကြား ပါသည်။

လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးက”
သန့်ရှင်း တဲ့အစိုးရတစ်ရပ် ဖြစ်ဖို့အတွက်ကတော့ အဂတိတရားကင်းရှင်းဖို့ လိုအပ်ပါတယ်။ လာဘ်ပေးလာဘ်ယူခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခြင်းကြောင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိတာဝန်ယူရတဲ့ အဖွဲ့အစည်းအား လည်းကောင်း ကင်းကင်းရှင်းရှင်းရှိအောင် ထိန်းကျောင်းကြပ်မတ်သွား ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်က အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်ကို တလွဲ အသုံးချပြီး မိမိအပေါင်းအသင်းရောင်းရင်းတွေဖြစ်လို့
လုပ်ပိုင်ခွင့် ပိုပေးတာတွေ၊ မိမိရဲ့ဆွေမျိုးသားချင်းတွေဖြစ်လို့ အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေး
နေတာတွေ မလုပ်မိဖို့ အထူးအရေးကြီးပါတယ်။ ဒါတွေကို ရှောင်ကြဉ်နိုင်မှ သန့်ရှင်းတဲ့အစိုးရ
အဖြစ် မှတ်ကျောက်တင်ခံကြရမှာ ဖြစ်ပါတယ်”ဟု သမတ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့

တာတွေရပါတယ်။
မြစ်စုံစီမံကိန်းတွင် သဘောတူစာချွန်လွှာကိုလက်မှတ်ရေးထိုးပြီး တာဝန်ရှိသူစစ်အစိုးရအဖွဲ့ 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ ကို ဒေါ်လာ ၁.၃ ဘီလီယံနှင့်
နေပြည်တော်ဆောက်လုပ်ရေးအတွက် ဒေါ်လာ ၅ ဘီလီယံ ပေးခဲ့ရတယ်လို့  CPI တရုတ်
လျှပ်စစ် ကုမ္ပဏ္ဍီက ဖွင့်ချ ပြောဆိုခဲ့ပါတယ်။ ဒီအပြင် လဒ်ပေးလဒ်ယူများ နိုင်ငံတော်အုပ်ချုပ်
သူ ၀န်ထမ်းများတွင် အများအပြားရှိနေသောကြောင့် စစ်အာဏာရှင်စနစ်ကို ပြည်သူများက
ခါးခါးသီးသီး ဆန့် ကျင်ခဲ့ကြပါတယ်။

ဦးသိန်းစိန် ပြောဆိုခဲ့သည့် သန့်ရှင်းသောအစိုးရဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်
ဖြစ်ရေးကို အကောင်အထည် ဖော်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးစီမံကိန်းများ ချမှတ်ရာတွင်
ရရှိမည့် အကျိုးအမြတ်၊ ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို ပြည်သူလူထု သိရှိစေရန် ပွင့်လင်းလွတ်လပ်စွာဖြင့် လွှတ်တော်တွင် ဒီမိုကရေစီနည်းအရ တာဝန်ရှိသူများကို ခေါ်ယူ၍ ကြားနားပွဲများပြုလုပ် သင့်ပါတယ်။ ပြည်သူ့ လွှတ်တော်ဟု ခေါ်ဆိုရာတွင် တိုင်းပြည်အရေး ပြည်သူ့ အရေးများကို လွှတ်တော် တွင်ခေါ်ယူဆွေးနွေးကြသော အလေ့
အကျင့်သည် ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးလေ့ရှိပါတယ်။ပြည်သူများက ရွေးချယ်
တင်မြောက်ထားသော လွှတ်တော်အမတ်များအနေဖြင့်လည်း တိုင်းပြည်၏ အရေးကြီး လှသော မြစ်ဆုံစီမံကိန်းသည် လွယ်လွယ်ဖြင့်ပြီးစီးမည့်အခြေအနေမျိုးမဟုတ် နှစ်ရှည်အလေး
အနက်ထားဆောင်ရွက်ရမည့် အခြေအနေတွင်ဆိုက်ရောက်နေသောကြောင့် ပြည်သူများ သံတယကင်းရှင်းအောင်လွှတ်တော်တွင် ဆွေးနွေး၍ ပြည်သူများကို ရှင်းလင်းချပြရန် သမတကြီးနှင့် ပြည်ထောင်စု လွှတ်တော်တွင် တာဝန်ရှိပါသည်။

တည်ဆဲဥပဒေများအရ ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူပြုခြင်းနှင့် ပတ်သက်၍
အရေးယူနိုင်သော ဥပဒေများမှာ ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေးအက်
ဥပဒေနှင့် ရာဇသတ်ကြီးပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၄ နှင့် ၁၆၅
တို့ဖြစ်ကြောင်း ပြဋ္ဌာန်း ထားသောဥပဒေများအရ သိရသည်။

သမ္မတအကြံပေးအဖွဲ့ဝင် တစ်ဦးကလည်း “သန့်ရှင်းတဲ့ အစိုးရအဖွဲ့ ဖြစ်ချင်ရင် လာဘ်ပေး
လာဘ်ယူကိစ္စနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ လိုကိုလိုအပ်ပါတယ်။ ဒါက လုပ်သင့်တဲ့ အနေအထားဖြစ်ပါတယ်။ မူဝါဒ တွေချပြီးချက်ချင်းအကောင်အထည် ဖော်မယ်ဆိုရင်
ဖော်လို့ရတယ်။ ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့အတွက် သန့်ရှင်းတဲ့အစိုးရက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိရင်၊ သာတူ ညီမျှ အခွင့်အလမ်း
မရှိရင်၊ ယှဉ်ပြိုင် နိုင်စွမ်းမရှိရင်၊ မျှတတဲ့လူမှုစီးပွား ဘ၀မရှိရင် အကျင့်ပျက်ခြစားမှုတွေ များပြားနိုင်ပါတယ်လို့ ပြောဆိုထားပြီး ထိုလုပ်ငန်းစဉ်တွေကို အပြောသက်သက် မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြပြီး ပြည်သူများနှင့် ယုံကြည်မှုတည်ဆောက်နိုင်မှသာလျှင် သန့် ရှင်း သောအအစိုးဖြစ်လာမည်ဖြစ်ပါသည်။