လွတ်ငြိမ်းချမ်းသာခွင့် ဆိုသည့်စကားရပ်နှင့် ပါတ်သက်၍ အဘိဓါန်တွင် ဖေါ်ပြထားချက်များ အရ နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အစိုးရက အာမ
ခံ၍ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို (၃) မျိုးတွေ့နိုင်သည်။
၁။ အကြွင်းမဲ့လွတ်ငြိမ်းချမ်းသာခွင့်၊( Blanket ammesty)
၂၊၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ ( General Amnesty)
၃။ ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့်၊ ( Limited Amnesty)
၁။ အကြွင်းမဲ့လွတ်ငြိမ်းချမ်းသာခွင့်၊ (Blanket Amnesty)
အယူဝါဒ မတူသူများ ဆင်နွဲကြသည့် ပြည်တွင်းစစ်ပွဲများ အတွင်း ကျူးလွန်ခဲ့သည့် မည်သည့် ပြစ်မှုမျိုးကိုမဆို တရားစွဲ ဆို၍ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့် ပေးခြင်းကို

ဆိုလိုသည်။ ဥပမာ- လူသတ်မှု၊ ဓါးပြမှု၊ မုဒိန်းမှုအပါအဝင် အခြား ပြစ်မှုကြီးများကို
ကျူးလွန်ခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းဖြစ်သည်။
၂။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ (General Amnesty)
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုရာတွင် နိုင်ငံရေးနှင့် စပ်ဆိုင်သည့် ပြစ်မှုများကိုသာ အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေးပြီး၊ အခြားနစ်နာသူများက တိုင်တန်းသည့်

ကိစ္စရပ်များနှင့် ပတ်သက်၍မူ ပြစ်ဒဏ်မှ အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်မပြုပေ။
၃။ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်၊ ( Limited Amnesty)
ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုရာတွင် ပြစ်ဒဏ်များ ပြောင်းလဲ သတ်မှတ်ခြင်းတို့ ပါဝင်သည်။ နိုင်ငံတနိုင်ငံ၏ထူးမြတ်သည့် နေ့ရက်များတွင် ပြစ်မှုများဖြင့် ပြစ်ဒဏ်ပေး ခြင်း

ခံရသူများ၏ ပြစ်ဒဏ်များကို လျော့ပေါ့ပြောင်းလဲ သတ်မှတ်ပေးခြင်းမျိုးကို ဆိုလိုသည်။
သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်မှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံထားပြီး အကျင့်စာရိတ္တ
ကောင်းမွန်လာတဲ့ အကျဉ်းသားများ သက်ကြီးရွယ်အိုများ မမာမကျမ်းဖြစ်သူများကို
လူသားချင်း စာနာမှု၊ မိသားစုဝင်တွေ အပေါ် ငဲ့ညှာမှုနဲ့ နိုင်ငံ့အကျိုး အတွက် တာဝန်တွေ
ထမ်းဆောင်နိုင်ဖို့ အတွက်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ကျန်ရှိနေတဲ့
ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်လို့ ဖော်ပြ ထားပါတယ်။ထို လွတ်
ငြိမ်းချမ်းသာခွင့်ဟာ ကန့် သတ်လွတ်ငြိမ်းချမ်းသာခွင့် မျိုးလို့ ဆိုနိုင်ပါတယ်။
ပြည်သူအများတောင်းဆိုနေကြတာကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး
ဖြစ်ပါတယ်။နိုင်ငံ့အကျိုး အတွက် တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အတွက်လို့ ဆိုရင်
ယုံကြည်ချက်ဖြင့် အကျဉ်းကျခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါ
အ၀င်နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိအမြန်ဆုံးလွတ်ပေးမှသာ တိုင်းပြည်
အကျိုး ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ ကန့် သတ်မှု
တွေပါရှိနေပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို လွှတ်ပေးဖို့ ပြည်တွင်း
ပြည်ပက အစဉ်တစိုက်တောင်းဆိုနေတာကို လုံးဝ ဥပေက္ခာပြုတဲ့ လုပ်ရပ် အဖြစ်
အထင်အရှား သက်သေပြ လိုက်တာ ဖြစ်တယ်လို့ မြန်မာ့အရေး ကြိုးပမ်းနေတဲ့
ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက အလျင်အမြန် ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။