တိုင်းပြည်နဲ့  လူမျိုးအတွက် တစ်မျိုးသားလုံးလွတ်လပ်ရေး ရရှိကြဖို့ အတွက် အသက်ကို
ပဓါနမထားဘဲ ကြိုးပမ်းဆောင်ရွက်နေကြရင်း အမျိုးသားရေးတာဝန်အဖြစ် စွမ်းစွမ်းတမံဆောင်
ရွက် ပေးခဲ့ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွား ရခြင်းအတွက် ယူကြုံးမရဖြစ်ကြကာ လွမ်းဆွတ်တမ်းတအောင်းမေ့ လေးစားဂုဏ်ပြုတဲ့အနေနဲ့  ဦးကိုညွှတ်လို့  အလေးပြုကြပါတယ်။
ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်တိတိ - အာဇာနည်ခေါင်းဆောင်ကြီးများ
အား ဦးညွှတ်အလေးပြုကြဖို့  ဥသြဆွဲသံ တစ်နိုင်ငံလုံး အနှံ့ ကြားရတဲ့အခါ ပြည်သူများ ၀မ်းနည်း
တမ်းတမိကြပြီး ယနေ့ ထိတိုင် မေ့မရနိုင်တဲ့ အာဇာနည်နေ့ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများရုံးထိုင် အစည်းအဝေးကျင်းပခဲ့ပြီး၊
မသမာသူလူတစုရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့သောနေရာဖြစ်တဲ့ မြန်မာ့ သမိုင်းဝင် ၀န်ကြီးများရုံး
ကိုဟိုတယ်အဖြစ်ငှားရမ်းရန်တင်ဒါခေါ် ယူ နေကြောင်းသိရှိရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါ
တယ်။သမိုင်းဝင်နေရာများ ထိမ်းသိမ်းရမဲ့အစား သမိုင်းပျောက်အောင် ရောင်းစားနေကြတာတွေ
ဟာ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများအကြည်အညိုပျက်ကာ ဂုဏ်သိက္ခာလည်း ထိခိုက်ပြီး
မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်စေလိုပါသည်။
မြန်မာ့လွတ်လပ်ရေး ရအောင်ယူပေးခဲ့တဲ့  တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အသက်ပေးသွာကြသော အာဇာနည်ကြီးများ၏ ဂုဏ်ကိုထောင့်ရှု့ ၍ ထိုသမိုင်းဝင်
နေရာကို နောင်လာနောင်သားများ သိရှိစေရန် ပြတိုက်အဖြစ်
သတ်မှတ်သင့်ပါသည်။