အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်၏ ဖိတ်ခေါ်ချက်ဖြင့် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်လာသော သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ကို သမ္မတ အိမ်တော်တွင်
နိုင်ငံတော် အခမ်းအနားဖြင့် ကြိုဆိုဧည့်ခံခဲ့သည်။
နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် အိန္ဒယမှ ချီးငွေရရှိရေး နိုင်ငံပိုင်မြေနေရာများကို တရုတ်နည်းတူ
ကုလားဘက် လှည့်ရောင်းနေသည်။ ပြည်သူတွေက တရုတ်ဆန့် ကျင်ရေးလုပ်ဆောင်
နေချိန်တွင် ကုလားဘက်လှည့်နေပြန်သည်။တိုင်းပြည်ကို လက်ညိုးထိုး၍ နိုင်ငံလှည့်ရောင်းစား
နေပြီး နိုင်ငံတော်ဘတ်ချက် ငွေမလုံလောက်မှုကို လှည့်လည်ချီးဌား နေသော သမတ ဦးသိန်စိန်
သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်သော ဒီမိုကရေစီအခွင့်အရေးများကို
လျစ်လှူ့ ရှုကာ ပါတီအခွင့်အရေးများ လူ့ အခွင့်အရေးများ အလုပ်သမားအခွင့်အရေးများ
စသည်တို့ ကို မဆလ ခေတ်အတိုင်း ဥပဒေကန့် သတ်ချက်များဖြင့် ရေးဆွဲကာအတည်
ပြုနေသည်။ဟန်ပြ ဒီမိုကရေစီလမ်းကြောင်းဟု ဝေဖန်သူများ များပြားလာနေသည်။
အိန္ဒိယနှင့်ဆည်မြောင်း တာတမံ စီမံကိန်းများအတွက်ချေးငွေ အမေရိကန်ဒေါ်လာ
သန်း ၅၀၀ တိုးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီနှင့် ရွှေစရေး
ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာ စီမံကိန်းများကို ၆ လအတွင်း စတင် အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများ
တိုးမြင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ နယ်စပ် ကုန်သွယ်ရေးတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ် လမ်းများဖောက်လုပ်ရေး၊ နယ်စပ် ကုန်သွယ်ရာ ဒေသများတွင် အကောက်ခွန် ဂိတ်များနှင့်
စနစ်တကျ လုပ်ဆောင်ရေး၊ ကုလားတန် ဘက်စုံစီမံကိန်း အရှိန်မြှင့် ပြုလုပ်ရေးများကို
ဆွေးနွေး ပြောဆိုခဲ့ကြသည်။
နာဂပြည်နယ်၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှိသည်။ သို့သော် လက်နက်ကိုင်လှုပ်ရှားမှုကြောင့်
ရေနံစီမံကိန်း ရွှေ့ဆိုင်းထားရသည်။ ရေနံစီမံကိန်းပြန်စနိုင်ရန် အိန္ဒိယအစိုးရက စစ်ဆင်နေ
ပုံရသည်။ ၂၀၀၇ ခုနှစ် ၉ လပိုင်း အိန္ဒိယရေနံဝန်ကြီး ကြပ်ပြေးနေပြည်တော်သို့သွား၍
ဒေါ်လာသန်း(၁၀၀) ကျော် ကုန်ကျမည့် ‘ကုလားတန်’ မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်း
အကောင်အထည်ဖော်ရန် သဘောတူချက် ရယူနိုင်ခဲ့သည်။
မနှစ်က အိန္ဒိယ နိုင်ငံက ဒေါ်လာ သန်း ၃၀၀ အကူအညီ ပေးခဲ့ သလိုပဲ အခုလည်း
နောက်ထပ် ဒေါ်လာ သန်း၅၀၀ အကူအညီပေးဖို့  အိန္ဒိယ ဝန်ကြီးချုပ် က ကမ်းလှမ်းခဲ့
တယ်လို့  ဖေါ်ပြထားပါတယ်။အိန္ဒိယလူဦးရေသည် သန်း (၁,၁၀၀) ကျော်နေပြီး နောက်အနှစ်
(၃၀) တွင် တရုတ်ထက် များလိမ့်မည်ဟု ခန့်မှန်းကြသည်။မိမိတိုင်းပြည်ဖွံ့ ဖြိုးတိုးတက်အောင်
ပင် မနဲကြိုးစားနေရသော အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံကို စေသနာဖြင့်ကူညီရန်မဖြစ်နိုင်ပေ
အိမ်နီးချင်းနိုင်ငံမှ သယံဇတများကို ရရှိရန်အတွက် တရုတ်နည်းတူ ကြိုးစားနေခြင်းဖြစ်သည်။
ရဲရင့်ကို