၁၃ရက် အောက်တိုဘာ ၂၀၁၁ ခုနှစ်
သမ္မတအမိန့်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တနိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ ၆၃၅၉ ဦး
အကျဉ်းသားများအား လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ အကျဉ်းသား ခြောက်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၂၀၇ ဦးသာ ပါဝင်ခဲ့သည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးသည်ကို ကျေးဇူးတင် ကြိုဆိုကြောင်း၊ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိ
နေသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် တိုက်တွန်း ကြောင်း
ပြောဆိုသည်။
ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်သလိုပဲ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး
ခြေလှမ်းတွေကိုလည်း နီးနီးကပ်ကပ် စောင့်ကြည့်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ဦသိန်းစိန် အစိုးရသစ်က လွတ်ငြိမ်းချမ်းသားခွင့်ဟု ခေါ်ဝေါ်သုံးစွဲမှုအပေါ်
ဝေဖန်မှုများရှိနေပါတယ်။အကန်အသတ်တွေပါနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်နေတဲ့
အတွက် မြန်မာနိုင်ငံရဲ့ လွတ်ငြိမ်းသာခွင့်အပေါ် နိုင်ငံသားအားလုံးခံစားခွင့် မရရှိတဲ့
ကိစ္စကို လွတ်မြောက်လာသူများက ဝေဖန်နေကြတာဖြစ်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်အပေါ် မျှတစွာမခံစားရကြောင်း ကျန်ရှိနေကြသည့် အကျဉ်းသား
များးကလည်း စိတ်မကောင်းဖြစ်ရတယ်လို့ သိရပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
လိုလားတဲ့ အစိုးရတရပ်လို့  ပြည်သူများကမသတ်မှတ်ကြသလို နိုင်ငံတကာကလည်း
ဆောင့်ကြည့်နေတယ်လို့  ဆိုပါတယ်။
ဒီမိုကရေစီနဲ့ လူ့ အခွင့်ရေးတွေ လုပ်ဆောင်နေကြတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေကို
လွှတ်ပေးခြင်းမရှိတဲ့ အစိုးရရဲ့  ရုပ်သဏ္ဍန်ကို ပေါ်လွင်စေခဲ့တဲ့အတွက် အစိုးရသစ်ကို
ယုံကြည်မှုအားနည်းနေပါတယ်။ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင်
အများစုမှာ လွတ်ရက်စေ့ခါနီးသူများ ဖြစ်ကြောင်း သိရှိရပါတယ်။
အများက မျှော်လင့်နေကြတဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသာခေါင်းဆောင်များဖြစ်သည့်
ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် ကိုဂျင်မီ စသည့် ခေါင်းဆောင်များ။ဦးခွန်ထွန်ဦး
ဦးဆိုင်းညွန့် လွင် စသည့်တိုင်းရင်းသား ခေါင်းဆောင်များ။လူ့ အခွင့်အရေးလှုပ်ရှားသူ
များ ကျန်ရှိနေသောကြောင့် လွတ်ငြိမ်းချမ်းသားခွင့်အပေါ် သံတယရှိနေကြပါတယ်။
အမှန်တကယ် ပြုပြင်ပြောင်းလဲရေးကို လိုလားတယ်ဆိုရင် ခွဲခြားမှုမရှိဘဲ နိုင်ငံသားများ
အားလုံး ခံစားနိုင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုးဖြစ်မှသာ နိုင်ငံသားများနဲ့  ကမ္ဘာကပါ
ယုံကြည်မှုရရှိနိုင်မည် ဖြစ်ပါသည်။