Sunday, October 2, 2011

အလုပ်သမားအခွင့်အရေးနှင့် အလုပ်သမား နေ့ စား ၀န်တမ်းလစာနှိမ့်ကျနေသော မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌ စဉ်းစာဖို့ လို

လက်ရှိအစိုးရသစ်ဟာ တက်တက်ချင်း မင်္ဂလာယူရန်အကြံနဲ့  အာဆီယံနှစ်ပတ်လည်အစည်းအဝေးတွင် သူ့ ကို ၂၀၁၄-ခုအတွက် အာဆီယံဥက္ကဌ နေရာပေးရန် တက်တောင်းဆိုမှုလုပ်လိုက်ခြင်းဟာ ဆန္ဒစော 
သော လုပ်ဆောင်မှု ခြေလှမ်းအမှားဖြစ်နေပါပြီ ။ စကားတခွန်း ခြေတလှမ်းမှားလိုက်ပါတယ်။ အဲဒီအတွက် အာဆီယံကို ကမ္ဘာက ဖိအားပေးတောင်းဆိုမှုတွေ လုပ်လာတော့ အစိုးရသစ် မျက်ဖြူဆိုဒ်လာရပါတယ်။ အကျိုးဆက်အဖြစ် ဒေါ်စုကို နစ်ကြိမ်ဆက်တိုက်တက်သုတ်ရိုက်ပြီး ဦအောင်ကြည်နဲ့  တွေ့ ဆုံစေပါတော့ တယ်။ ဆွေးနွေးတယ်လို့  မသုံးနုန်းချင်ပါ ။ ဘာမှန်းမသိရတဲ့ကိစ္စဖြစ်နေလို့ ပါ ။ ပြီးဘာမပြောညာမပြောနဲ့  သမ္မတကြီးကိုယ်တိုင် လက်ခံတွေ့ ဆုံရပါတော့သည် ။ မမြင်သာသော ဖိအားများရှိနေပါသည်။

အာဆီယံဥက္ကဌနေရာအတွက် အစိုးရသစ်မှာ နိုင်ငံရေးအရ အကျပ်ရိုက်နေတာကို ပြည်တွင်း
ပါတီကြီးတွေ အမတ်မင်းတွေက အခွင့်ကောင်းယူပြီး ပြဲနေတဲ့နေရာကို ထိုးဖြဲတာမလုပ်ကြပါဘူး ။ အနာကိုထိုးဆွရေးဟာ အကင်းပါးသောနိုင်ငံရေး တနည်းအစိုးရက ကိုယ့်ကိုချည်း ငဖယ်တေတေလာခဲ့တာ များလှပါပြီ ။ သူ့ ကိုပြန် ငဖယ်တေတာထက်ပိုတဲ့ မောင်းဆုံကိုမော်တာတပ်ထောင်းလို့  ရလာတဲ့အခွင့်အရေးကို ပါတီကြီးတွေက သုံးရမှန်းပင် မသိကြပါဘူး ။ ဒီလိုဝေဖန်လိုက်ရတာဟာ ငါလုပ်တာမှ မှန်တယ်ထင့် လို့ ပြောနေ ရတာ မဟုတ်ပါဘူး ။ ကျပ်ပြေးကိုပေါက်ပေါက်ရောက်ရောက်ရှိသူတွေရှိရင် ဟိုမှာဘာတွေဖြစ်နေတယ် သမ္မတကြီးဘယ်ကိစ္စကို ခေါင်းစားနေရပြီ ဆိုတာလေးလောက်တော့ စုံစမ်းသင့်ကြပါတယ် ။

အခုကျနော်ရထားတဲ့သတင်းအရ သမတကြီးဟာ ၉၀- ရွေးကောက်ပွဲကိစ္စ ကိုင်ထားတာကို မဖြုံဘူး။ 
အေးအေးဘဲ။ အဲဒါကိုင်ထားလေ သူဘက်က စကားပြောရတာ အထက်စီးပင်ရနေတယ်လို့  ယူဆနေပါ
တယ်။ သူတကယ်ကြောက်နေတာက ၀န်ထမ်းလစာ / စစ်သည်တော်လစာ / နေ့စားအလုပ်သမား လစာတွေ အလွန်အမင်းနိမ့်နေတဲ့ကိစ္စကို ဒီလောက်လစာနိမ့်နေတဲ့ နိုင်ငံကိုအာဆီယံဥက္ကဌ နေရာပေး လိုက်ရင် အာဆီယံရဲ့ ဂုဏ်သိက္ခါကို ကျစေမယ် အဲဒီအတွက် အာဆီယံကို လက်မှတ်ထိုးတောင်းဆိုမှုတွေ လုပ်လာမယ်ဆိုတဲ့ အသံတွေထွက်လာတာကို အတော်လေးကြောက်နေတယ်လို့  သတင်းအတိအကျ ရထားပါတယ် ။

တခါဝန်ထမ်းတွေ အထူးသဖြင့် လုံခြုံရေးဝန်ထမ်းတွေကလဲ လစာနိမ့် နေတော့ သူတို့ လဲဝမ်းရေး မလုံလောက်လို့ အကြံအဖန်လုပ်ရ။ အကြံအဖန်လုပ်မိရင် တခါ အထက်က အဲဒါကိုအကျပ်ကိုင်တာခံရပြီး မှန်တာရော မှားတာရော တရားတာရောမတရားတာရော ခိုင်းစေလာတာတွေ မလုပ်ချင်ဘဲလုပ်ပေးနေ ရတဲ့ဘ၀ကနေ လွှတ်မြောက်ချင်နေကြပါပြီ ။ အခုလို ၀န်ထမ်းလစာတိုးရေးကို လုပ်ဆောင်လာမှာကို အာဆီယံဥက္ကဌနေရာ မဆုံးဖြတ်ခင် အမြန်မဆုံးအကောင်အထည်ဖေါ်လာပါစေပင်ဆုတောင်းနေကြပါတယ် လို့ သတင်းရထားပါသည် ။

အင်မတန် အခွင့်အခါကောင်းလှတဲ့ အချိန်အခါကောင်းဖြစ်နေပါတယ်။ ဒီလိုအာဆီယံဥက္ကဌနေရာကို အာဆီယံကမဆုံးဖြတ်နိုင်ခင်မှာ နိုင်ငံရေးအရလက်ဆုတ်လက်ကိုင် တိုးတက်မှုတခုအရယူပေး နိုင်သော အခွင့်အရေးကို ရယူရန်မှာ အကင်းပါးသောနိုင်ငံရေး ခြေတလှမ်းအဖြစ်ရှုမြင်ပြီး မလွတ်တမ်းဖမ်းဆုပ်ရန် အရေးအလွန်ကြီးနေချိန် ဖြစ်ပါသည် ။ လက်ရှိမြန်မာ့နိုင်ငံရေးပုံရိပ်မှာ န.အ.ဖ.သည် ရွေးကောက်ပွဲ အတုလုပ်ပေးပြီး ယဉ်ကျေးသောလူမှုအသိုင်းအ၀န်းအတွင်းကို ထိုးဖေါက်နေရာဝင်ယူရန်ကြိုးပမ်းနေ
ပါသည် ။ တနည်း လူယုတ်မာတွေနဲ့  ရွေးကောက်ပွဲကို ဥပဒေကိုတဖက်သတ်ရေးဆွဲ ရွေးကောက်ပွဲမှာ မဲကိုလိမ်ချင်တိုင်း ဗြောင်လိမ်ညာပြီး အနိုင်ယူခဲ့သမျှကို အာဆီယံဥက္ကဌနေရာယူပြပြီး ပွဲလယ်တင့်
ပြရန်ကြိုးပမ်းမှုဖြစ်ပါသည် ။

၎င်းကဲ့သို့ ကြိုးပမ်းမှုကို နိုင်ငံရေးအဖွဲ့ များမှ အာဆီယံတွင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး ကိုသာ နံပတ်တစ်ထားတောင်းဆိုခဲ့ကြပါသည်။ အကျဉ်းသားလွှတ်ပေးရေးမှာ န.အ.ဖ. တဖြစ်လဲ အရပ်သား အစိုးရအတုအတွက် နိုင်ငံရေး ကျားကွက်ရွှေ့ ရန် ကလားဖန်းထိုးထားသော နိုင်ငံရေးဗျူဟာ တခုမျှသာ
ဖြစ်သည်ကို ရှုမြင်ထားရန်လိုပါသည် ။ လွှတ်ပေးလိုက်ရလို့ သူတို့ အတွက်ဘာမှ အပန်းမကြီးတာကို လွှတ်ပေးရန် ခက်ခဲနေသယောင် အကျပ်အတည်းကြီးဖြစ်နေသယောင်ယောင် လှဲ့ စားပြနေတာကို အပေါ်စီးကနေ ရှုမြင်ရန်အလွန်အရေးကြီးပါသည်။

တကယ်တန်း အရပ်သားအစိုးရအတု အဓိကထားသည်မှာ ဒေါ်လာသာဖြစ်ပါသည်။အာဆီယံဥက္ကဌနေရာ ရလာလျှင် အာဆီယံဝိတ်နဲ့  နိုင်ငံတကာနဲ့  ရင်ဘောင်တန်းစကားပြောပြီး ပိတ်ဆို့ မှုတွေ လျှော့ပေးရေး သာဖြစ်ပါသည်။ 
တနည်းဈေးရောင်းချင်လို့  ဈေးဆိုင်ဖွင့်ခွင့်ရအောင် ကောင်စီဥက္ကဌနေရာယူလိုချင်းသာဖြစ်သည်လို့ 
ရှုမြင်ရန်လိုပါသည် ။ အဲဒီလိုလုပ်နေချိန်မှာ သူတို့ သိပ်မက်မောတဲ့ ၀င်ငွေကို တနည်းဒေါ်လာကို ကျနော်တို့ က ၀န်ထမ်းတွေ စစ်သားတွေလစာ နေ့ စားအလုပ်သမားလစာတွေဟာ မတရားနည်း
နေတာကိုထောက်ပြပြီး အာဆီယံကို အများစုပေါင်းလက်မှတ်ထိုးတင်ပြီး ဒီလောက် မတရား
ကျွန်လုပ်ခဖြစ်နေတဲ့ နိုင်ငံကို အာဆီယံဥက္ကဌ ရာထူးပေးလိုက်ခြင်းဟာ အာဆီယံတဖွဲ့ လုံးရဲ့ 
ဂုဏ်သိက္ခါကို ကျစေမဲ့ အကြောင်း တင်ပြတောင်းဆိုရပါမယ်။

ဒီလိုတောင်းဆိုမှုဟာ ကျိုးကြောင်းဆီလျှော်ပြီး အာဆီယံမှအလေးထားသင့်သော ကိစ္စဖြစ်နေပြီး လျှစ် လျှူရှုလို့ မရတဲ့အချက်ဖြစ်နေပါတယ် ။ ဒီကိစ္စ ကိုသမ္မတကြီးသိထားပြီး အလွန်စိတ်ပူနေတာကို သတင်း အတိအကျရထားပါသည်။ မြန်မာနိုင်ငံအရေးမှာ သူတို့ အကျပ်အတည်းတွေ့ အောင်လုပ်ပေးနိုင်ရင် ကျနော်တို့ အတွက် အပေါင်းလက္ခဏာခြေလှမ်းတခု ရယူနိုင်စေပါမည်။အစိုးရသည် ဒေါ်လာတွေထွက် မှာကို အလွန်စိုးရိမ်နေပါသည် ။ အကျဉ်းသားလွတ်ပေးရေး မှာ လုံခြုံရေးဗန်းပြ မူနေခြင်းသာဖြစ် 
ပါသည်။

ဝန်ထမ်း / စစ်သည် / နေ့ စားခသတ်မှတ်ရေးမှာ ပြည်သူအပေါ် အလုပ်တွေခိုင်းပြီး ပြည်သူ့  
လုပ်အားကို လုပ်ခဈေးပေါပေါနဲ့  ရိတ်ယူနေတာ လျှော့ပေးရရင် အချိန်နင့်အမျှ စဉ်ဆက်မပြတ်
ငွေအပို မရနိုင်တော့ဘဲ သူတို့ နဲ့ ပလဲနံပသင့် ကုမ္မဏီကြီးများကို အခွန်ကောက်ရပါတော့မည် ။
တနည်း မှန်ကန် လုပ်သင့်သောချေလှမ်းကို လှမ်းရပါတော့မည်။ အခွန်ကိုတိတိကျကျ ကောက်ရသော
နေ့ ဟာကြံ့ ဖွတ်ကိုကျွေးနေ ရသောခွဲတမ်း လျှော့ချရသောနေ့  ဖြစ်လာပါပြီ ။ တနည်း ကိုယ်က 
အစိုးရကို ငါးဖယ်တေတေဖို့ မောင်းဆုံကိုမော်တာ တပ်ပေးရပါမယ် ။ ဒေါ်လာတွေ စဉ်ဆက်မပြတ်
ထွက်အောင် လုပ်ရာလဲရောက်ပြည်သူတွေဘ၀ပါတိုးတက် အခွန်ငွေတွေ မှန်မှန် ကန်ကန်ကောက် 
အောင်တွန်းပို့ ပေးရပါမယ်။အကျိုးဆက်တွေ တသီကြီးရလာမဲ့ ခြေလှမ်းဖြစ်ပါတယ် ။

တဆက်ထည်း အာဆီယံဥက္ကဌ လုပ်လိုသောနိုင်ငံတွင် ၀န်ကြီးများ အာဏာပိုင်များဟာ မိမိပိုင်ဆိုင်မှုကို တရားဝင်ကြေငြာထားသောသူများဖြင့်ဖွဲ့ စည်းထားသော ၀န်ကြီးများမဟုတ်ခဲ့ပါလျှင် မကြာမှီတနေ့ မှာ အခုလက်ရှိ စစ်ဗိုလ်ချုပ်တွေကို အရေးယူနေသော လတ်စားမှု ( တနည်းခိုးမှု ) ဖြင့်အချိန်မရွေးအရေး ယူခံရသောသူများ ဖြစ်လာခဲ့လျှင် အာဆီယံဥက္ကဌ နှင့်ကျန်အရာရှိတွေဟာ ခိုးမှုနဲ့ မိမိအစိုးရ ကပြန် အရေးယူတာဖြစ်ပြီး အာဆီယံအရာရှိကြီးများဟာ သူခိုးတွေဆိုတာ ရာဇ၀င်ရိုင်းတာမျိုး ( ထပ်မံ ) မဖြစ်ပွားလာနိုင်တာကို ကာကွယ်ရန် အာဆီယံမှာ ရာထူးယူမည့် မြန်မာအရာရှိများကို တရားဝင် ပိုင်ဆိုင်မှု ကြေငြာထားရန် မူချမှတ်ရေးကိုပါ တဆက်ထည်းတောင်းဆိုရပါမည် ။

သည့်အတွက် ကျနော်တို့ တတွေ အာဆီယံ လျှစ်လျှူရှုရန် ခက်ခဲပြီး လုပ်သင့်လုပ်ထိုက်
လိုက်လျှော ရန်သေခြာသောတောင်းဆိုမှုများကို ဖေါ်ဆောင်ကြရပါမည်ဖြစ်ကြောင်း ရဲဘော်များ ကိုနိုးဆော်လိုက်ပါသည်။

မြန်မာနိုင်ငံရေးအပြောင်းအလဲကို ကျနော်တို့ တတ်စွမ်းသမျှ အန္တရယ်လဲကင်းကင်း ထိရောက်မှု
ရရှိရန် သေခြာသောခြေလှမ်းများကို စုပေါင်းဆွေးနွေးကာ ဆုံးဖြတ်ချက်ချကြပါရန်လေးစားစွာ
တိုက်တွန်း ဖိတ်ခေါ်လိုက်ပါသည်။
ပြည်သူ