NLD(LA)JB ဥက္ကဌ ဦးလှဟန်
LDB ဒု ဥက္ကဌ ဦးလှိုင်အေး
AUN ဦးမိုင်ကျော်ဦး
FWUBC ဥက္ကဌ ဦးတင်ဝင်း
လူ့ ဘောင်သစ်ပါတီ ဂျပန်မှ ဦးရဲငြိမ်း တာဝန်ခံ
ALD ဥက္ကဌ ဦးလှအေးမောင်
FTUB ဒေါ်ခင်ဆွေအေး (ကိုစားလှယ်)
အညတရသူရဲကောင်ဆု အဖွဲ့ မှ ဒေါ်လေးလေး
NLD(LA)JB ဦးသန့် ဇင်ဦး ဥက္ကဌ ဟောင်း
LDB ဦးမြင့်မောင် အတွင်းရေးမှူး
အဖွဲ့ အစည်းအသီးသီးမှ တက်ရောက်လာသူများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ခြင်း (၂၃)နှစ်ပြည့် အထိမ်းအမှတ်
အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့  အီကဲဘူခုရို ရှိ Kenko Plaza 7 F ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ကျင်းပခဲ့ရာ နံနက် ၁၀း၃၀ မှ စတင် ကျင်းပ
ပြုလုပ်ခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပထမပိုင်း ဒုတိယပိုင်း အစီအစဉ်ဖြင့် ၂၃ နှစ်ပြည့်မြောက် NLD
တည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့၏ အလုပ်ကော်မတီ ပုံမှန် အစည်းဝေးကို ကျင်းပပြုလုပ်
ခဲ့ကြပါသည်။
တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ ၂၃ နှစ်မြောက် NLD တည်ထောင်ခြင်း
အပေါ် အခက်ခဲ အကြပ်အတည်းများစွာ တို့ကို ကြံ့ကြံ့ခံပြီး ယနေ့ချိန်ထိ ဆက်လက် ရပ်တည်လုပ်ကိုင်ဆောင်ရွက်သည့်အပေါ် အမှာစကားပြောကြားခဲ့ကြသည်။ ထက်ရောက်လာသူ ဦးရေ ၁၅၀ ခန့် ရှိသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်
များကို အကြွင်းမဲ ယုံကြည်ထောက်ခံကြောင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်
တွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ်များပြီးဆုံးအောင်မြင်သည်အထိလက်ရှိသမ္မတဦးသိန်းစိန်
အစိုးရအဖွဲ့အားအမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်ရွက်ပေးရန်တိုက်တွန်း
တောင်းဆိုသည့်ကြေငြာချက်ကိုတက်ရောက်လာခဲ့ကြသည့်
အဖွဲ့အစည်း အသီးသီးတို့မှ စုပေါင်း၍ မကြာမှီ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း
အဖွဲ့အစည်း အသီးသီးတို့မှ စုပေါင်း၍ မကြာမှီ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။