Monday, September 26, 2011

ရန်ကုန် ဆူလေဘုရားတွင် သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများဆန္ဒပြ ဆုတောင်းပွဲ



ရွှေဝါရောင် လေးနှစ်ပြည့် ချီတက်၊ ဆုတောင်းပွဲ အသံဖိုင် by Demo Waiyen

ဒေါ်နော်အုံးလှတို့  ဦးဆောင်ပြီး ရန်ကုန်မှာ အခု ဆန္ဒပြနေပါတယ် လို့သတင်းရရှိပါတယ်။
မြောက်ဥက္ကလာနေ ဆုလေဘုရားကို ချီတက်ကြမယ်။လူ၁၀၀ လောက်ရှိတယ်လို့သိရပါတယ်။ မရမ်းကုန်းမြို့အ၀င်လမ်းဝန၀ဒေး ရုပ်ရှင်ရုံရှေ့အရောက် ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်လို့ဆိုပါတယ်။ရဲကခြိမ်းခြောက်တာဖြစ်ပါတယ်။

မြစ်ဆုံကိစ္စနဲ့ရွှေဝါရောင် ၄နှစ်ပြည့် လှုပ်ရှားမှုလို့ ယူဆရပါတယ်။ အခု တံတားလေးလမ်းဆုံမိုးလေ၀သရောက်နေပြီ လို့သိရပါတယ်။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီအစိုးရလို့ဆိုထားတော့ ဆန္ဒပြခွင့်ပေးထားသလား  စမ်းသပ်မှုတခုပဲလို သုံးသပ်မိပါတယ်။ ဒီမိုကရေစီလို့ ဆိုရင် ပြည်သူတွေဟာ အစိုးရတရပ်အပေါ် မိမိတို့ ၏ ဆန္ဒကိုဖေါ်ပြခွင့်ရှိရပါမယ်။ အုပ်ချုပ်သူအစိုးရကို ကျေနပ်မှုမရှိဘူးဆိုရင် ပြည်သူတွေလမ်းပေါ်ထွက် ဆန္ဒပြကြတာကို ဒီမိုကရေစီနိုင်ငံတွေမှာ ပြုလုပ်လေ့ရှိတာ တွေ့ မြင်ရပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံ အစိုးရသစ်က စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ဆိုထားတော့ ပြည်သူတွေဟာ အစိုးရသစ်ရဲ့ စကားအတိုင်း စည်းကမ်းရှိစွာနဲ့  မိမိတို့ ၏ဆန္ဒကို ဖေါ်ထုတ်ခဲ့ကြတာလို့  သိရှိရပါတယ်။
သံဃာ့အရေးအခင်း ၄ နှစ်ပြည့်နေ့ မှာ ပြည်သူတွေက ရဲရဲတင်းတင်း ဒီမိုကရေစီနည်းအတိုင်း ဆန္ဒပြတိုက်ပွဲဝင်ခဲ့တာ အောင်မြင်မှုရရှိခဲ့ပါတယ်။