Monday, September 26, 2011

ရန်ကုန် ဆူလေဘုရားအနီးသို့  သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများ ဆန္ဒပြ လာနေသည်။

 
ဒေါ်နော်အုံးလှတို့ ဦးဆောင်ပြီး ရန်ကုန်မှာ အခု ဆန္ဒပြနေပါတယ် လို့သတင်းရရှိပါတယ်။
မြောက်ဥက္ကလာနေ ဆုလေဘုရားကို ချီတက်ကြမယ်။လူ၁၀၀ လောက်ရှိတယ်လို့သိရပါတယ်။ မရမ်းကုန်းမြို့အ၀င်လမ်းဝ
န၀ဒေး ရုပ်ရှင်ရုံရှေ့အရောက် ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်လို့ဆိုပါတယ်။ ရဲကခြိမ်းခြောက်တာဖြစ်ပါတယ်။ မြစ်ဆုံကိစ္စ နဲ့ ရွှေဝါရောင် ၄နှစ်ပြည့် လှုပ်ရှားမှုလို့ ယူဆရပါတယ်။ အခု တံတားလေးလမ်းဆုံမိုးလေ၀သရောက်နေပြီ လို့သိရပါတယ်။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီအစိုးရလို့ဆိုထားတော့ ဆန္ဒပြခွင့်ပေးထားသလား စမ်းသပ်မှုတခုပဲလို သုံးသပ်မိပါတယ်။
န၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာအပိတ်ခံနေရတယ်
မြို့ထဲကိုချီတက်တဲံ့သူတွေ ရဲ၊ စစ်တပ် လက်နက်ကိုင်တစ်စု နဲ. အရပ်ဝတ် တချို. ပိတ်ထားပါတယ်
ယာဉ်တွေ လူတွေ ရှုပ်ထွေးပြီး ဘေးမှ ကြည့်နေသူလည်းအများကြီးပါ
လူ ၁၅၀ နဲ. ၂၀၀ ကြား အင်္ကျီး အပေါ် က ရွေဝါရောင်တွေ ဝတ်ဆင်ပြီး အောက်က အမျိုးသား အနက်ရောင် အမျိုးသမီး ရောထမိန် ဝတ်ဆင်ပြီး ချီးတက်တာပါ အခုရှေ.ဆက်ပြီးသွားလို.မရပါ ယာဉ်ထိန်းရဲ များရောက်ရှိလာပါပြီး

ဒီမိုဝေယံ   လူထုအော်သံ
ဓါတ်ပုံသတင်းများ ဆက်လက်ဖေါ်ပြပါမည်။