ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ နယ် ထီကျန်ခွဆုံမှာ ငှက်ပျော်သီးတွေတင်လာတဲ့ စက်တပ် လှငေယ်တစီး ကို မနေ့ မနက် အစောပိုင်းမှာ ခလရ-(၉၃)တပ်ရင်း တပ်ကြပ်တစ်ဦး ကငွတောင်းရန် တားမြစ်တာကို လှကေို မောင်းသွားတဲ့အတွက် သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့လို့  တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိ သွားတယ်လို့ သိရပါတယ်။
သေနတ် ထိမှန် သေဆုံးသူ ဒဏ်ရာရခဲ့တဲ့ သားအဖဟာ ကျုံကတော ကျေးရွာ ကဖြစ်ပါတယ် သားငယ် တစ်ဦးကတော့ ကမ်းပေါ် တက်ပြေး လို့ လွတ်မြောက် သွားတဲ့အကြောင်း ဒေသခံ က ဘီဘီစီ ကိုပြော
ပြပါတယ် ။
သေဆုံးသူ က တော့ ၃၄နှစ် အရွယ် ကိုသိန်းထိုက်နဲ့  သေနတ်မှန် ဒဏ်ရာရတဲ့ ဖခင်ကတော့ ဦးသောင်း တင့် ဖြစ်ပါတယ်။ တာဝန်ရှိ ရဲစခန်း က ရဲမှူးကို ဆက်သွယ်မေးမြန်းတဲ့အခါ မှာ ဒဏ်ရာရသူ ရဲ့ အခြေအနေ ကို မနက်ဖြန်မှ သိရမယ်လို့  သာဖြေဆို သွားခဲ့ပါတယ် သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ခလရ-(၉၃)တပ်ရင်း က တပ်ကြပ်ကြီးကို တော့ ကျုံကတော ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရဲမှူးနှင့်ဗျူဟာမှူး တို့ က စစ်ဆေးမှုတွေ လုပ်နေ တယ်လို့ သိရပါ တယ်။
BBC NEWS
ပြည်သူတွေကြားမှာ စစ်သားနဲ့ အရပ်သား ခွဲခြားမှုတွေရှိနေကြပါတယ်။အနှစ် ၂၃ နှစ်ကြာအာဏာသိမ်းခဲ့တဲ့ စစ်တပ်ကြေင့် တိုင်းပြည်နှစ်နာမှုတွေ အများအပြားရှိခဲ့ပြီး ပြည်သူတွေလဲကစဥ့်ကလယားနဲ့ ဆင်းရဲခြင်းဒုက္ခ
အမျိုးမျိုးကိုခံနေရပါတယ်။စစ်တပ်က အာဏာကိုချုပ်ကိုင်ပြီး ဗိုလ်ချုပ်ကြီးတွေ အမြတ်ထုတ်အကျိုးရှာ ခဲ့သောကြောင့် ပြည်သူတွေရဲ့ ရင်ထဲမှာ မနှစ်မြို့ ခဲ့ ကြတာကြာနေပါပြီ။အခုလို လက်နက်နဲ့ အားကိုးပြီး
ပြည်သူတွေအပေါ် အနိုင်ကျင့်ခဲ့တာတွေများနေပါပြီ ဥပဒေစိုးမိုးမှုမရှိတဲ့အတွက် အမှန်တရား ကိုဖေါ်ထုတ် နိုင်ခြင်းမရှိတာကြောင့် ပြည်သူတွေမှာ ခံပြီးရင်းခံနေရတာကြောင့် စစ်တပ်နှင့်စစ်သားအပေါ် မုန်းတီးမှုတွေများပြားလာနေတာကိုတွေ့ ရပါတယ်။စစ်မှန်တဲ့ ပြည်သူတွေအပေါ်အာမခံနိုင်တဲ့ စနစ်တခု
ပေါ်ထွန်းလာမှသာ ပြည်သူတွေအတွက်အာမခံချက်ရှိမှာဖြစ်သည်။
ထို့ ကြောင့် နိုင်ငံရေးဖြစ်စဉ်ပြုပြင်ပြောင်း
ထို့ ကြောင့် နိုင်ငံရေးဖြစ်စဉ်ပြုပြင်ပြောင်း
လဲရေးတွင် ဥပဒေစိုးမိုးမှုကိုအလေးထားဆောင်ရွက်ဖို့  အစိုးရသစ် ဦးသိန်းစိန်ကိုအကြံပြုချင် ပါတယ်။
နိုင်ငံသားတိုင်း ဥပဒေရဲ့  အကာအကွယ်ကို ရရှိနိုင်ပါစေ။