မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေနဲ့  တွေ့ ဆုံမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ အားလုံးနဲ့
တွေ့ဆုံမှာဖြစ်တယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ မြန်မာနိုင်ငံမှာ နေမှာဖြစ်ပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ မြန်မာနိုင်ငံမှာ နေမှာဖြစ်ပါတယ်။