Tuesday, June 14, 2011

IL0 ဆွေးနွေးပွဲနှင့် သတင်းနှင့်စာနယ်ဇင်း ဆင့်ပွားအတွေ့ အကြုံ ရှင်းလင်းဆွေးနွေးပွဲ


၂၀၁၁-၆-၈
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ ကော့သောင်မြို့ နယ်နှင့် လူငယ်ကွန်ယက်တို့ ပူးပေါင်းပြီး ILO အလုပ်ရုံ 
ဆွေးနွေးပွဲနှင့် သတင်း၊ စာနယ်ဇင်း အတွေ့ ကြုံရှင်းလင်းပွဲ (၁/၂၀၁၁) ကိုတနင်္လာရီတိုင်း၊ ကော့
သောင်မြို့ နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင် ကျင်းပရာ အဖွဲ့ ချုပ်အဖွဲ့ ဝင်များနှင့် လူငယ်ကွန် ယက်မှ လူငယ်စုစုပေါင်း ၂၂ ဦး တက်ရောက်လေ့လာ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့ မှ ဇွန်လ ၈ ရက်နေ့ ထိ နေ့ စဉ်နေ့ လည် ၁၃:၀၀ နာရီမှ နေ့ လည် ၁၆:၀၀ နာရီထိ  ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်။ ကော့သောင်မြို့ မှ ဗဟိုဌာနချုပ်နှင့် IL0 မှ ပို့ ချသော သင်တန်းများကို တက်ရောက်ခဲ့သော မြို့ နယ်စည်းအဖွဲ့ ဝင် ဦးမြင့်မောင်နှင့် လူငယ်တာဝန်ခံ ကိုသက်နိုင်တို့ မှ တက်ရောက် ခဲ့သော သင်တန်းများကို အဖွဲ့ ချုပ်အဖွဲ့ ဝင်များနှင့် လူငယ်ကွန်ယက်မှ လူငယ်များအား IL0 မှပို့ ချသော ကလေး စစ်သားအရေး၊ အတင်းအကျပ် လုပ်အားပေး စေခိုင်းမှုများနှင့် ဥယာဉ်ခြံမြေများအား အတင်းအကျပ် သိမ်းယူနေမှုများတွင် ပြည်သူများဖက်မှ စနစ်တကျ ပါဝင်ကူညီနိုင် ရန်နှင့် အရပ်ဖက်သတင်းထောက် (citizen journalist) များပေါ်ပေါက်ရေးအတွက် ရည်ရွယ်ချက်ဖြင့်
ပြုလုပ်သော ဆွေးနွေးပွဲလည်းဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ကော့သောင်သည် အခါအားလျှော်စွာ လူသားစွမ်ရည်မြင့်တင်ရေး ရည်ရွယ်ချက် အနေဖြင့် လူ့ အခွင့်အရေး ဆွေးနွေးပွဲများ စာဖတ်ဝိုင်းများ ကျင်းပလျှက်ရှိပြီး ယခုကျင်းပသော ဆွေးနွေးပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်တိုက်တွန်းချက်ဖြင့် လူငယ်ကွန်ယက်ဖွဲ့ စည်းပြီးနောက် ပြုလုပ်သော ဆင့်ပွားဆွေးနွေးပွဲဖြစ်ပါသည်။