Saturday, April 9, 2011

မြန်မာ့လူ့အခွင့်အရေး အခြေအနေဆိုးရွားမှု အမေရိကန်ဝေဖန်

၂၀၁၁-၄-၈     VOA
မြန်မာနိုင်ငံမှာ နိုင်ငံသားတွေအဖို့ ကိုယ်ကြိုက်တဲ့အစိုးရ ကိုယ်တင်ပိုင်ခွင့်မရှိအောင် စစ်အစိုးရက ဆက်လက် ချုပ်ကိုင်ထားသလို တခြား လူ့အခွင့်ရေး ချိုးဖောက်မှုတွေကိုလည်း ဆိုးဆိုးရွားရွား ကျုးလွန်နေတယ်လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက သောကြာနေ့ကထုတ်ပြန်တဲ့ ၂၀၁၀ နှစ်ပတ်လည် လူ့အခွင့်အရေး  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်ရေး အခြေအနေအတွက် အထူးစိုးရိမ်နေပြီး အခုထိ အဖမ်းဆီးခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား  ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။