Thursday, April 14, 2011

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေကို ပိတ်မယ်လို့  အသံများတွက်ပေါ်နေ

၂၀၁၁-၄-၁၄   SANKEI NEWS
ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေကို ပိတ်မယ်လို့  အသံများတွက်ပေါ်နေပါတယ်။ အနှစ် ၆၀ ကျော်နီးပါး
 တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ ဒုက္ခသည်တွေ ထိုင်းနိုင်ငံသို့ တွက်ပြေးခိုလုံနေ ကြပြီး ဒုက္ခသည်ပြဿနာတွေပေါ်ထွက်နေပါတယ်။ ထိုင်းအစိုးရသည် နိုင်ငံအတွင်း ၉ နေရာမှာရှိတဲ့ ဒုက္ခ
သည် စခန်းတွေကို ပိတ်ပြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ မယ့် အနေအထားမှာ ရှိနေပါတယ်။ မြန်မာ အစိုးရသစ်က ဒီမိုကရေ စီပြောင်လဲဖို့  အနေအထားမှာ အခြေအနေတွေအရ ထိုင်းအစိုးရကို ကတိပြုထားတာတွေ ရှိနေသည့်အတွက် ကုလသမဂ္ဂဆိုင်ရာ  ဒုက္ခသည် မဟာမင်းကြီးရုံး(UNHCR)နှင့်  ဒုက္ခသည်တို့ အခြားတွင် စိုးရိမ်မှုများ ရှိနေကြသည်။
ထိုင်းအစိုးရသည် ၁၁ ရက်နေ့ က နိုင်ငံငြိမ်းချမ်းရေးနှင့်လုံခြုံရေးကောင်စီတွင် ဒုက္ခသည်စခန်းများပိတ်ရေး
နှင့် ဒုက္ခသည်များ ပြန်ပို့ ရေးကို စီစစ်လေ့လာနေသည်။ထိုသို့ ဖြင့် မြန်မာသိန်းစိန်အစိုးရသစ်
အကြား ၁သိန်း ကျော်ကို နိုင်ငံပြန်ပို့ ရန် ဆွေးနွေးမှုများရှိနေပြီး နိုင်ငံခြားရေးဝန်ကြီးသစ် ဦးဝဏ္ဍမောင် လွင်နှင့်ပြန်ပို့ ရန်အစီအစဉ်ကို သဘောတူညီမှု ရယူထားသည်ဟု ထိုင်းအစိုးရဘက်မှ ပြောကြားသည်။
ထိုင်း နိုင်ငံငြိမ်းချမ်းရေးနှင့်လုံခြုံရေးကောင်စီ၏ Towyn အထွေထွေအတွင်းရေးမှူးက အချိန်ကိုသတ်မှတ်
ထားတာမရှိပေမဲ့ ဒုက္ခသည်စခန်းတွေကို ပိတ်ဖို့ ရှိတယ်လို့  ပြောဆိုပါတယ်။ ဒုက္ခသည်တွေဟာ ၂၅နှစ် ကျော် နေပြီး ထိုင်းနိုင်ငံအနေဖြင့်တာဝန်ကြီးတယ်လို့ ပြောပါတယ်။
ထိုင်းအစိုးရအနေဖြင့် နိုင်ငံပြန်ပို့ ဖို့ အစီအစဉ် ကို UNHCR နှင့် EU နိုင်ငံများအနေဖြင့် ဒုက္ခသည်တွေကိုကူညီမှု ရပ်ဆိုင်းဖို့ လိုတယ်လိုဆိုပါတယ်။
ထိုင်းနိုင်ငံ Tak, Mae Hong Son, Kanchanaburi, Ratchaburi ခရိုင် ၄ ခုအတွင်း ၁၄၅၀၀၀ ခန့် ရှိတယ်လို့  ဆိုပြီး များသောအားဖြင့် မြန်မာနိုင်ငံအရှေ့ ပိုင်း ကရင်ပြည်နယ်မှ တွက်ပြေးလာသူများဖြစ်ကြတယ်လို့ ဆိုပါ တယ်။
ဒုက္ခသည်တွေပေါ်ထွက်လာရတဲ့ အကြောင်းအရင်းကတော့ ၁၉၄၈ ခုနှစ် အင်္ဂလိပ်ကနေ လွတ်လပ်ရေး ယူ 
ပြီးနောက်ပိုင်း တိုင်းရင်းသားစစ်ပွဲတွေဖြစ်ခဲ့ရာကနေ စခဲ့ပါတယ်။ ဗမာလူမျိုး 68%, ရှမ်း 9%,ကရင် 7%,ရခိုင် 4 % တိုင်းရင်းသားလူမျိုးများ စုစုပေါင်း ၁၃၅ လူမျိုးစုတွေနေထိုင်ကြပြီး အစိုးရဟာ ဗမာလူမျိုးနှင့် တိုင်းရင်း သားလူမျိုးများကို တန်းတူအခွင့်အရေးများ မပေးခဲ့ပါဘူး။
ထို့ ကြောင့်တိုင်းရင်သားလူမျိုးစုများ ကရင်အမျိုးသားတော်လှန်ရေးကို ၁၉၄၉ ခုနှစ်မှစတင်၍လက်နက်ကိုင်
တော်လှန်ခဲ့ပြီး ထိုအချိန်မှစ၍ တိုင်ရင်းသားလူမျိုးစုများ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပါတယ်။
ထိုကဲ့သို့ အခြေအနေကြောင့်  ဒုက္ခသည်တွေ ပေါ်တွက်လာရပြီး ၁၉၈၄ ခုနှစ်မှ ဒုက္ခသည်စခန်းများ
ပေါ်လာရခြင်းဖြစ်ပါတယ်။