Friday, April 8, 2011

ဂျပန်နိုင်ငံတွင် ပြင်းအား ၆ ကျော်သောငလျင်လှုပ်ခဲ့

၂၀၁၁-၄-၈    NHK NEWS
ဂျပန်နိုင်ငံတွင် ၂၀၁၁-၄-၇ ရက်နေ့  ည ၁၁ နာရီ ၃၀ မီနစ် တွင် ပြင်းအား ၆ ကျော်သော ငလျင်  MIYAGI ခရိုင်ကို ဦးတည်၍လှုပ်သွား ခဲ့ပြီး မီးများပျက်ကာ နေအိမ်မှပစ္စည်းများ ပြုတ်ကျပျက်ဆီးမှုများ ရှိသည်ဟု သိရသည်။ ရထား ကားလမ်း တချို့ ပိတ်ထားသည်။ ဆုနာမီ တက်လာခြင်းမရှိဟု ကြေညာသွားသည်။
လည်းကောင်း နေရာသည် ယခင်လှုပ်ခဲ့သော FUKUSHIMA ခရိုင် အနီးရှိခရိုင်များဖြစ်ပြီး မီးလောင်မှုများရှိ သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောဆိုသွားသည်။ ဆက်ပြီး ငလျင်များလှုပ်နိုင်မည့်အခြေအနေရှိသည့် အတွက် သတိရှိကြဖို့  လှုပ်ဆော်နေသည်။ အနျုမြူ လျှပ်စစ်ဓာတ်ပေါင်းဖို နှင့်ပါတ်သက်၍ ထိခိုက်ပျက်ဆီးမှု မရှိကြောင်း ယခုအချိန်တွင် အရင်အတိုင်းရှိနေသည်ဟု ပြောဆိုသွားသည်။