Friday, April 22, 2011

လစ်ဗျားကို မောင်းသူမဲ့လေယဉ်ဖြင့် တိုက်မည်။

၂၀၁၁-၄-၂၁   KYODO NEWS
၂၁ နေ့  အမေရီကန် ကာကွယ်ရေးဝန်ကြီး၏ သတင်းစာရှင်းလင်ပွဲတွင်  အမေရီကန် သမတအိုဘားမားက
လစ်ဗျားတွင် ထိုးစစ်ဆင်ရာတွင် ညဏ်ရေးကောင်းသော မောင်းသူမဲ့လေယဉ် "Predator" ကိုအသုံးပြုရန်
ခွင့်ပြုချက်ကိုပေးလိုက်ကြောင်း ပြောကြား၍ အကောင်းဆုံးစစ်ဆင်ရေး လမ်းကြောင်းများဖြင့်ကဒါဖီ ပြုတ်ကျ သည့်အထိ တိုက်ခိုက်မည်ဖြစ်သည်။
အကောင်းဆုံး မြေပေါ်တိုက်ပွဲများ လေဟင်တိုက်ပွဲများအတွက် ပလေဒါတာကိုသုံးရကြောင်းနှင့် အတိုက်အခံများအတွက် အင်အားတိုးစေရန် ရည်ရွယ်၍ ကူညီခြင်းဖြစ်သည်ဟု ဆိုသည်။အမေရီကန် စစ်တပ်က  မောင်းသူမဲ့လေယဉ် ၂ ဆင်းနှင့် စစ်တင့်ကားများတွင်အသုံးပြုသော မီဆိုက် အဝေးပစ်ထုံးကျဉ်များကို လစ်ဗျားစစ်စခန်းများနှင့် ဆန္ဒပြသူများကိုနှိမ်နင်းသော စစ်သားများအား ပစ်ခတ်မည်ဟုသိရှိရသည်။
၂၁ ရက်နေ့ တွင် စတင်ပစ်ခတ်ခဲ့သောလည်း ရာသီဥတု အခြေအနေအရ တ၀က်နှင့်ရပ်နားခဲ့ရပြီး လစ်ဗျား စစ်တပ်က မြို့ လမ်းမကြီးများပေါ်တွင် တင့်ကားများကို အသုံးမပြုဘဲ အရပ်ဝတ်များဝတ်၍ ထရပ်ကားများ
ဖြင့်လှုပ်ရှားနေပြီး ပြည်သူနှင့်ခွဲခြား၍ မရဖြစ်ခဲ့ရသည်။
အထွေထွေ ဗဟိုထောက်လှမ်းရေးတပ် ဒု ဦးစီးမှူးက မောင်းသူမဲ့လေယဉ်သည် အသေးစိတ် ခွဲခြားနိုင်သော
ညဏ်စွမ်းရည်ရှိသည့်အပြင် ရန်သူကိုရှာနိုင်သော စွမ်းရည်ရှိသည်။ ပြည်သူနှင့်မမှားအောင် ခွဲခြားနိုင်သည်
ဆိုသည်။
Gates ကာကွယ်ရေးဝန်ကြီးက လစ်ဗျားတွင် အမေရီကန်အနေဖြင့် အပြင်ဘက်မှကူညီရေးသာဖြစ်ပြီး အင်္ဂလန် ပြင်သစ် အီတလီတို့ ၏ ဆုံးဖြတ်ချက်ဖြင့် အတိုက်အခံများကိုကူညီရန်နှင့် စစ်ရေးတွင်လိုအပ်ချက် များကို ကူညီပေးရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။