Saturday, April 23, 2011

အစိုးရသစ်ကိုလက်ခံသည့်အပေါ် ဒေါ်အောင်ဆန်း စုကြည် ပြန်လည်ရှင်းလင်း


၂၀၁၁-၄-၂၂    DVB  NEWS
၂၂ ရက်နေ့ က ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့ သစ်ကို ဒေါ်အောင်ဆန်းစုကြည်က အရှိကိုအရှိ အတိုင်း လက်ခံကြောင်း ပြောကြားခဲ့သည့်အပေါ် ဝေဖန်မှုတွေရှိခဲ့တဲ့အတွက် ဒီကနေ့ ပြုလုပ်တဲ့ အဖွဲ့ ချုပ်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ပြန်လည်ရှင်းလင်းပြောကြားလိုက်ပါတယ်။
အစိုးရသစ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ဖို့ အတွက်သာ အရှိကိုအရှိအတိုင်း လက်ခံထားခြင်း
သာဖြစ်တယ်လို့    ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
ဒီလိုပြောကြားခဲ့တာနဲ့ ပါတ်သက်ပြီး အဖွဲ့ ချုပ်ဗဟိုပြန်ကြားရေးအဖွဲ့ ဝင် ဦးဥာဏ်ဝင်းကအခုလိုပြောပြပါ တယ်။
 လက်ရှိ အခြေအနေတွေနဲ့ ပါတ်သက်ပြီးတော့ တချို့ ပြောဆိုဝေဖန်တဲ့ လူတွေ ကျနော ကျွန်တော်တို့ 
၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူးပြောတယ်။ ရွေးကောက်ပွဲမ၀င်ဘူးပြောတယ်။ အခုတော့ အစိုးရကို အသိအမှတ်ပြုတယ်ပြောတာ အဲ့ဒါနဲ့ ပါတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတာရှိတယ်။ အဲတာက ဘာလဲဆိုတော့ လက်ရှိအားဖြင့် လွှတ်တော်က ဖွဲ့ စည်းပေးလိုက်တဲ့ အစိုးရသစ်တရပ်ရှိတယ်။
အစိုးရသစ်တရပ် အရှိအရှိအတိုင်းတော့ ကျွန်တော်တို့ လက်ခံထားရတယ်။ ဒါဘာကြောင့်လဲဆိုတော့ ကျွန် တော်တို့  တောက်လျှောက်လည်း ၈၈ ကနေပြီးတော့ အခု လွှတ်တော်ကြားထဲမှာလဲ နအဖ န၀တ ကို
ဒိုင်ယာလော့ လုပ်ပေးပါ တောင်းဆိုခဲ့တယ်။ ဒိုင်ယာလော့ လုပ်ပေးပါ တောင်းဆိုတာ အဲဒီအစိုးရတွေကို အရှိအတိုင်း လက်ခံတဲ့သဘောပါပဲလို့  ရှင်းပြပါတယ်။
ဒါအပြင် ဒီကနေ့ ပြုလုပ်တဲ့ အဖွဲ့ ချုပ် အလုပ်အမှုဆောင်အစည်းအဝေးမှာ ပြီးတဲ့သတင်းပတ်တုံးက သမတ
သစ် ဦးသိန်းစိန်ဆီကိုပို့ ထားတဲ့ စာနဲ့ ပါတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြပြီး လာမဲ့အပတ်ထဲမှာ တရားဝင်
သတင်းထုတ်ပြန်ဖို့  ရှိနေပါတယ်။
ဒီစာထဲမှာတော့ အစိုးရသစ်လက်ထက် ဥပဒေစိုးမိုးရေးတွေနဲ့  ဆိုင်တာတွေကို အဓိက ထည့်သွင်းထား
တယ်လို့  ဦးဥာဏ်ဝင်းက ပြောပါတယ်။
ကျွန်တော်တို့  ဒီကနေ့  စီအီးစီ အစည်းဝေးထိုင်တော့ သမတကြီးဆီကို စာတစောင်တင်ထားခဲ့ပါတယ်။
အဲ့ဒီ စာတစောင်ကို လာမဲ့အပါတ်ထဲမှာ ထုတ်ပြန်ပေးမယ်။ဒီနေ့ ကတော့ အချိန်မရလို့ ပါ။ စာပါအကြောင်း
အရာ အသေးစိတ်ကိုတော့ ကျွန်တော် ခုနေ ပြောလို့ မရသေးပါဘူး။ အခြေခံပြောရရင်တော့ တရားဥပဒေ စိုးမိုးရေးကိစ္စပါပဲ။