၂၀၁၁-၃-၂၇ KYODO NEWS
၂၆ ရက်နေ့  နိုင်ငံတကာ အဏုမြူအင်အား အေဂျင်စီ International Atomic Energy Agency (IAEA) အကြီးအကဲ AMANO WATARU ၏ တယ်လီဖုံးဖြင့် U.S. Newspaper ကို ပြောဆိုချက်အရ FUKUSHIMA လျှပ်စစ်ဓာတ်အားပေး ဓာတ်ပေါင်းဖို ပေါက်ကွဲမှုသည် ပြီးဆုံးသည်အထိ အဝေးကြီး လိုပါသေး သည်ဟု သိမြင်သမျှအပေါ် သုံးသပ်ပြောကြားသည်။
U.S. Newspaper သတင်းစာသို့  (IAEA) အကြီးအကဲမှ သုံးသပ်မှုသည် အအေးပေးစက် ပျက်ဆီးခဲ့သည့် အတွက် အသုံးပြုပြီးသားများ ထည့်ထားသောရေကန်က ပြဿနာဖြစ်နိုင်သည်ဟုပြောဆိုသည်။ ဆက်လက် ၍ အကြီးအကဲက ယခုဖြစ်နေသောအခြေအနေသည် အထူးဂရုစိုက်ရမည်ဖြစ်ပြီး ပြီးဆုံးသည်ဟု မဆိုနိုင် ကြောင်း ပြောဆိုကာ ပြီးဆုံးသည့်အထိဆိုလျှင် အချိန်တော်တော်များများ ပေးရမည်ဖြစ်သည်ဟုဆိုသည်။ ဂျပန် အစိုးရအနေဖြင့် အခြေအနေများကို ဖုံးကွယ်ထားခြင်းမရှိကြောင်း သူ၏အမြင်ကိုပြောဆိုကာ လာရောက်ရသည့် အကြောင်းအရင်းသည် KAN NAOTO ၀န်ကြီးချုပ်က အားလုံးကို ပွင့်လင်းမြင် သာစေလို၍ ဖြစ်သည်ဟု ဂတိကိုရရှိခဲ့ကြောင်း ရှင်လင်းပြောကြားသွားခဲ့ပါသည်။
