Wednesday, March 9, 2011

အတုအယောင် ဒီမိုကရေစီ

မြန်မာ့နိုင်ငံရေးသည် စစ်အာဏာရှင်တို့ ၏ အဖက်သတ်ဖေါ်ဆောင်မှုကြောင့် စစ်မှန်သောဒီမိုကရေစီ လမ်းကို ရောက်နိုင်မည့်အလားအလာမရှိပေ။ စစ်တပ်ကြီးစိုးမှုအောက်တွင် ဒီမိုကရေစီမရနိုင်ပါ ၂၀၀၈ အခြေခံဥပဒေ ၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၁ လွတ်တော်ခေါ်ယူခဲ့ခြင်းတို့ သည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော လွတ်လပ်ခွင့်မရှိသောကြောင့်ဖြစ်သည်။ စစ်အာဏာရှင်တို့ ၏ နှစ်ပေါင်းများစွာ တိုင်းပြည် ကို ဖိနှိပ်မှုဖြင့် အုပ်ချုပ်လာသောကြောင့် စစ်တပ်၏အောက်တွင် တိုင်းပြည်ကရှိနေပြီး ပြည်သူလူထုကို အလေမထားသော အုပ်ချုပ်မှုဖြင့် အာဏာကိုချုပ်ကိုင်ထားသောကြောင့်ဖြစ်သည်။
ဒီမိုကရေစီစနစ် ပြည်သူ၏ အချုပ်အခြာအာဏာ စည်းမျဉ်းများသည် အနှစ်မရှိသည့် အကာကြီးသက်သက် ဟုတ် ဖုံကွယ်ထားခြင်းလည်းမရှိ ထုံးထမ်းဓလေ့အရ အသိအမှတ်ပြုရသည်။ ဥပဒေကလည်းတောင်းဆို သည်။
နိုင်ငံတနိုင်ငံတွင် ပြည်သူလူထု၏ အချုပ်အခြာအာဏာကို လူ့ အဖွဲ့ အစည်း၏ ကိစ္စများတွင် ထိထိ ရောက်ရောက် မှီငြမ်းအသုံးချ ကျင့်သုံးခြင်းကို လေ့လာဖို့ အတွက်လည်းကောင်း အန္ဒရာယ်များ အခွင့်ထူး များကို အကဲဖြတ် ဆုံးဖြတ်နိုင်ဘို့ အတွက် ညွန်ပြရမည်ဆိုပါက ထိုနိုင်ငံကားတခြားမဟုတ်အမေရိကန်နိုင်
ငံသာဖြစ်သည်။
 ပြည်သူ၏ အချုပ်အခြာအာဏာသည် ၎င်းတို့ ၏ အခြေခံစည်းမျဉ်းပင်ဖြစ်သည်။ နအဖက ရေးဆွဲခဲ့သော အခြေခံဥပဒေသည် အစိုးရအပေါ် ပြည်သူလူထုက လွှမ်းမိုးနိုင်ခြင်းထက်ကား များစွာအားနည်းနေသည်ကို တွေ့ မြင်ရသည်။ ပြည်သူလူထုလက် အချုပ်အခြာအာဏာ ရရှိမှသာ စစ်မှန်သော ဒီမိုကရေစီ၏ လမ်းစ ပင်ဖြစ်သည်။ ဥပဒေစိုးမိုးမှုရှိမှ အချုပ်အခြာအာဏာပိုင်ခွင့်သည် ဥပဒေများ၏ ဥပဒေဖြစ်လာမည်။   လူထု၏အချုပ်အခြာ ရှိသောတိုင်းပြည်တွင် လူတိုင်းလူတိုင်း၌ တူညီ သော အခွင့်အရေးရရှိမည်။ လူတိုင်းလူတိုင်းသည် နိုင်ငံတော်အစိုးရအဖွဲ့ တွင် တန်းတူပါဝင်ခွင့်ရှိ၏။ လူတိုင်းလူတိုင်းသည် မိမိ၏ ဆန္ဒကို  မိမိဘာသာ ဆုံဖြတ်ပိုင်ခွင့်ရှိရမည် လူ့ အဖွဲ့ အစည်းက ချုပ်ပိုင်ခွင့်မရှိ လွတ်လပ်မှုသည် လူထု၏ အချုပ်အခြာအာဏာ သက်ရောက်မှု အကျိုးဆက်ပင်ဖြစ်လေသည်။
လူမှုရေး  စီးပွားရေး  ပညာရေးတို့ တွင် အုပ်ချုပ်သူအာဏာပိုင်များမှ ၀င်ရောက်ဖက်စွပ်ခြင်းမရှိရ။ ဥပဒေကသတ်မှတ် ထားသော အပေါ်တွင် တည်ရှိရမည် ဥပဒေသည်လည်း တဖက်ဇောင်းနင်းမရှိစေရ။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖေါ်ဆောင်မှုတွင် အရာရာကို စစ်တပ်က ထိမ်းချုပ်၍ ဥပဒေ အထက်တွင် အာဏာ ပိုင်များ၏သြဇာ လွမ်းမိုးနေသောကြောင့် အတုအယောင် ဒီမိုကရေကိုလျှောက်လမ်းနေသည်။ စီးပွားရေးကို ချုပ်ကိုင်ခြင်း ပညာရေးကိုကန့် သတ်ခြင်း  လူမှုရေးကိုပိတ်ပင်ခြင်း စသည်တို့ သည် ဒီမိုကရေစီစနစ်၏  ဆန့် ကျင်ဘက်များဖြစ်သောကြောင့် လူ့ အခွင့်အရေးကို ချိုးဖေါက်နေခြင်းဖြစ်၍ တိုင်းပြည် ဖွင့်ဖြိုးတိုးတက် ရေးကို ပိတ်ပင်တားဆီးနေခြင်းကြောင့် အာဏာရှင်များ သက်ဆိုးရှည်နေသရွေ့  တိုင်းပြည်နှင့် ပြည်သူပြည် သားများ နစ်နာဆုံးနေရမည်မှာဧကန်မလွဲပါ။ ဒီမိုကရေစီ၏ အခြေခံ အဆောက်အအုံဖြစ်သော လူမှုအဖွဲ့ အ စည်းများ စနစ်တကျ ပေါ်ထွန်းလာရန် ထည်ဆောက်၍ လူ့ သားတိုင်း၏ ရသင့်ရထိုက်သော အခွင့်အရေး များ ရရှိနိုင်စေသော အသိပညာ အတတ်ပညာ အခြေခံများကို စနစ်တကျ လေ့လာပြီး စုပေါင်းဆောင်ရွက် မှု အလေ့အကျင့်များ ရရှိလာအောင့် တူညီသော အရာများကို ညီညွတ်စွာ ဆောင်ရွက်ခြင်း အလေ့အထ မြန်မာနိုင်ငံတွင် ထွန်ကားလာမှသာ လူသားဇစ်မြစ်ကာကွယ်နိုင်လာမည်ဖြစ်သည်။ အာဏာရှင်တို့ ၏ တဦး ခြင်း တဖွဲ့ ခြင်း ဖြိုခွင်းမှုကို  စုပေါင်းအားဖြင့်ကာကွယ်သော အလေ့အကျင့်များ မြန်မာပြည်သူများအားထုတ် ရန်နှင့် လူမှုအဖွဲ့ အစည်းများ အားကောင်းလာစေရန် လူအား ငွေအား စိတ်ဓာတ်အားများဖြင့် ပူးပေါင်းပါဝင် သင့်ပေသည်။