Sunday, March 27, 2011

ပြင်သစ်တိုက်လေယဉ်များက လစ်ဗျားတိုက်လေယဉ် ၅စင်းနှင့် ရဟက်ယဉ် ၂စင်းကို ပစ်ခတ်ဖျက်ဆီး။

     ၂၀၁၁-၃-၂၇  KYODO NEWS
လစ်ဗျား အရှေ့ မြောက်ပိုင်း Ajudabiya တွင် လိုက်ဖယ်သေနပ်ကို မိုးပေါ်ထောင်ကာ ဆန္ဒပြသူများ က ပျော်မြူး နေကြသည်။ ၂၆ ရက်နေ့ ညက လစ်ဗျားတပ်နှင့် ဆန့် ကျင်ဆန္ဒပြသူများအား ပြင်သစ်တပ်က ကူညီနေသည်။ လစ်ဗျား အနောက် Misurata တွင် ဆန့် ကျင်ဆန္ဒပြသူများ အောင်မြင်နေပြီး ကဒါဖီးအစိုးရ ၏ စစ်သုံးယဉ် ၅စင်း တိုက်ရဟပ်ယဉ် ၂စင်းစုစုပေါင်း ၇ စင်းကို ဖျက်ဆီးလိုက်သည်ဟု ပြင်သစ်တပ်ပြော ရေးဆိုခွင့်ရှိသူက ဆိုသည်။
တဖန် နိုင်ငံတကာတပ်၏ ဖေါက်ခွဲဖျက်ဆီးခြင်းကို ခံနေရသည်။ အရှေ့ မြောက် Ajudabiya ဒေသတွင် ကဒါဖီးတပ်ချ ထားသောနယ်မြေကို ဆန့် ကျင်ဆန္ဒပြသူများက သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်း ရေနံ အများစု ထုပ်လုပ်သော Brega ဒေသ ကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့သည်။ ဆန့် ကျင်ဆန္ဒပြအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူက Reuters သတင်းဌာနသို့  ပြောကြားရာတွင် Brega သည် လွတ်လပ်သွားပြီ ဟုပြောကြားခဲ့ပြီး ထိုဒေသကို ဆန္ဒပြသူများက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ကဒါဖီးအစိုးရသည် အရှေ့ မြောက် Ajudabiya ဒေသကို လက်လွှတ်လိုက်ရပြီးနောက် တိုက်ပွဲကို
Misurata ဘက်သို့ ပြောင်း၍ အင်အားဖြည့်ကာ အနောက်ဘက် ဒေသကို ဖိအားပေးနေသည်ဟု ထင်မြင်ရသည်။ Misurata တွင် နေစဉ်ရက်ဆက် တိုက်ပွဲများပြင်းထန်နေပြီး ရေ မီးများဖြတ်ထား
သည်ဟု သိရှိရသည်။