Monday, March 28, 2011

နိုင်ငံတကာတပ်သည် ကဒါဖီး၏ ဇာတိမြေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစိုးရတပ် ဆုတ်ပြေးရန်ပြင်ဆင်နေ



2011-3-27   KYODO NEWS
AP သတင်းဌာန၏ အဆိုအရ အမေရိက အင်္ဂလန်နှင့် ပြင်သစ် နိုင်ငံတကာတပ်သည် ၂၇ ရက်နေ့ ညပိုင်က
ကဒါဖီး၏ ဇာတိမြေကို ဗုံးကြဲတိုက်ခိုက်မှုဖြင့် လက်ဦးရာရရှိရန် အလယ်ပိုင်း Silt ကို မထမဆုံးအကြိမ် ဗုံးခွဲခဲ့တာဖြစ်ပါတယ်။ Reuters သတင်းဌာန၏ ပြောဆိုချက်အရ အစိုးရတပ် စစ်ကားတွေ အစီး ၂၀ လောက် Silt မြို့ ကနေ Tripoli မြို့ တော် ကို ဦးတည်တွက်ခွာနေသည်လို့ ဆိုပါတယ်။ ၂၇ ရက်
နေ့ က ကဒါဖီး အစိုးရနှင့် ဆန်ကျင်သူအဖွဲ့ တွေဟာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်နေကြပြီး ရေနံချက်စက်ရုံ တွေရှိရာ အလယ်ပိုင်းဒေသ Bureiga, Rasuranufu,Benjawado စသည့်မြို့ များကို အစိုးရလက်မှ သိမ်းပိုက် ရယူနိုင်ခဲ့ပါသည်။စစ်တပ်က အနောက်ဘက်ကိုပြန်ဆုတ်နေပြီး အစိုးရ၏ အားထားရသော တပ်များရှိရာ Silt မြို့ ကို ဆန့် ကျင်ရေးအဖွဲ့ များက သိမ်းပိုက်နိုင်ခဲ့လျှင် မြို့ တော် Tripoli ကိုတိုက်ရန် အတွက် ခြေလှမ်းတခုဖြစ်လာနိုင်သည်။၂၇ ရက်နေ့ က နိုင်ငံတကာတပ်က Tripoli လို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဆန့် ကျင်တိုက်ပွဲဝင်နေသူများက အားမလျော့ဘဲ ကဒါဖီးတပ်ကို ထိုးစစ်ဆင်နေသည့်အတွက် ပြင်းထန်သည့်တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေပြီး ပြည်သူများကပူပေါင်းပါဝင်ခဲ့သောကြောင့် အ နောက်ပိုင်း Misurata တွင် ပြည်သူတဦးက Reuters သတင်းဌာနကိုပြောပြရာ ၈ ဦးသေဆုံးပြီ ၂၇ ဦး ဒါဏ်ရာရသွားသည်ဟု သိရှိရသည်။Tripoli ကျခဲ့လျှင် ကဒါဖီဆုံးခန်းတိုင် တော့မည်ဖြစ်သည့်တွက် ဆန့် ကျင်သူအဖွဲ့ များနှင့် နိုင်ငံတကာတပ်က အင်အားဖြည့်နေကြသည်။