Wednesday, March 23, 2011

လစ်ဗျား၊ မြန်မာနဲ့ ဂျပန်ပြည်က နိုင်ငံသားများ ဘာတွေ ကွဲပြားသလဲ


ဥိးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မတ် ၂၂၊ ၂၀၁၁
ဒီတပတ်မှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံခွင့်ရတဲ့အချိန်မှာ နိုင်ငံတကာက စိတ်ဝင်စားတဲ့ အရေးအခင်းနှစ်ခုက အရှိန်မြှင့်နေပြီ ဖြစ်ပါတယ်။ လစ်ဗျားအာဏာရှင်ရဲ့ တဖက်သတ် လက်နက်အားကိုး အကြမ်းဖက်မှုကို ပြည်သူတွေ ခါးစည်းခံနေကြရာက ၃ပတ် နီးပါး ကြာမြင့်ပြီးချိန်မှ နိုင်ငံတကာက စစ်ရေးအရ၀င် ရောက်တားမြစ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ အဲသည်အချိန်မှာပဲ ဂျပန်ပြည်မှာ ငလျင်နဲ့ ဆူနာမိလှိုင်း ကပ်ဘေးကြီး ဆိုက်ရောက်တာအပြင် နူကလီယားစက်ရုံ ပေါက်ကွဲမှုကြောင့် ဓာတ်ရောင်ခြည် ယိုစိမ့်မှုများအတွက် စိုးရိမ်မှုများလည်း ပြန့်နှံ့လို့ နေပါတယ်။အဲသည်အရေးအခင်းများအပေါ် မြန်မာပြည်သားများရဲ့ စိတ်ဝင် စားမှု တုန့်ပြန်မှုများ နဲ့ ဆရာရဲ့ အတွေးအမြင်များကို မေးမြန်းဖြစ်ခဲ့ပါတယ်။