Tuesday, March 29, 2011

မြန်မာနိုင်ငံတွင် လာမည့် ၃၀ ရက်နေ့  သမတ အပ်နှင်းပွဲ ကျင်းပမည်။

၂၀၁၁-၃-၂၉    KYODO  NEWS
၂၈ ရက်နေ့  မြန်မာ စစ်အာဏာရှင်သတင်းမှ ပြီးခဲ့သည့်လက သမတအဖြစ်ရွေးချယ်ခဲ့သော ဦးသိန်းစိန် အား  လာမည့် ၃၀ ရက်နေ့ တွင် သမတ အဖြစ်အပ်နှင်းပွဲကို ကျင်းပရန် နေပြည်တော်ရှိ  ပြည်ထောင်စု လွှတ်တော်မှ ကြေညာခဲ့သည်။
သမတ အပ်နှင်းပွဲကျင်းပမည်ဖြစ်သော်လည်း  အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာ ရောက်ရှိခဲ့ သော မြန်မာနိုင်ငံသည် ပုံစံအားဖြင့် ပြည်သူ့  အစိုးရအသွင်ပြောင်းသော်လည်း လက်ရှိ အာဏာဖြင့်ဆုံးဖြတ် ချက်များကို ချုပ်ကိုင်ထားသောအဖွဲ့  အနေအားဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင် စီ (SPDC)မှ တက်လာမည့် အစိုးရသစ်ကို အာဏာလွဲပြောင်းပေးမည်လား ဆိုတာသံသယရှိနေ ပါသည်။
သမတ အပ်နှင်းပွဲတွင် နိုင်ငံတကာ သံတမန်များကို ဖိတ်ကြားထားခြင်းမရှိဘဲ အထက်လွှတ်တော် အောက် လွှတ်တော် ကိုယ်စားလှယ်များရှေ့ တွင်သာ သမတ မိန့် ခွန်း ပြောကြားမည့်  အလားအလာရှိ
သည်ဟု ဆိုသည်။ 
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပြီးခဲ့သည့်နှစ် ၁၁ လပိုင်းက ရွေးကောက်ပွဲကျင်းပခဲ့ပြီး စစ်အစိုးရ၏ ကြံခိုင်ဖွင့်ဖြိုးရေးပါတီ က အနိုင်ရခဲ့ပြီး ယခုနှစ် ၂ လပိုင်း လွှတ်တော်တွင် သမတ ရွေးချယ်ခဲ့ရာ စစ်အစိုးရ နံပါတ် ၄ အဆင့်ရှိသော လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်က သမတ အဖြစ်ရွေးချယ်ခြင်းခံရသည်။