Wednesday, March 9, 2011

လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြုတ်တော့မည်။


လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြုတ်ကျရန် အချိန်အနည်းငယ်သာလိုတော့သည် လစ်ဗျားတွင် အတိုက်အခံများသည် လက်နက်အင်အားများလာနေပြီး တိုက်ပွဲများပြင်းထန်နေသည်။ ကဒါဖီ စစ်တပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ၇၂ နာရီအတွင်းဆင်း ပေးရန် တောင်းဆိုတိုက်ပွဲ
ဝင်နေကြပြီး ဂျပန်သတင်းဌာနမှ ဂျပန်သံအမတ်ကို ဆက်သွယ်မေးမြန်ရာတွင်
 ၁. ကဒါဖီ အစိုးရသည် ပြန်လည်တည်ဆောက်ရန်
      မဖြစ်နိုင်တော့။
 ၂. အတိုက်အခံများ အင်အားကြီးထွားလာနေပြီး လက်
     နက်အင်အားတိုးလာသည်။
 ၃.အနောက်နိုင်ငံများ၏ ဝေဖန်မှုကိုခံနေရပြီး အမေရိကန်၏
     အခန်းကဏ္ဍကအရေးပါလာသည် ဟုသိရှိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ အထူးအစည်းအဝေးတရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ခေါ်ယူ ကျင်းပခဲ့ပြီး လစ်ဗျားအစိုးရဟာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် (Commission of Inquiry - CoI) စေလွှတ်ဖို့ အဖွဲ့
ဝင်နိုင်ငံတွေက ကန့်ကွက်မဲမရှိ တညီတညွှတ်တည်း တောင်းဆိုလိုက်ပါတယ်။
အမေရိကန်လည်း အာဏာရှင် ကဒါဖီ၏ လူ့ အခွင့်အရေးချိုးဖေါက်မှုများကို အရေးယူရန် ဆောင်ရွက်လျက်ရှိနေသောကြောင့် အာဏာရှင် ကဒါဖီ ပြုတ်ကျရန် အချိန်သာလိုတော့သည်ဟုပြောကြားသည်။ စစ်အာရှင်များ အရှေ့ အလယ်ဖျား အာရပ်ကမ္ဘာတွင် ဆက်တိုက်ဆိုသလို ပြုတ်ကျနေပြီး အာဏာရှင်တို့  နေ၀င်ချိန်ကို ရောက်နေပြီဖြစ်ပါ သည်။