၂၀၁၁-၃-၂၁ KYODO NEWS
မြန်မာနိုင်ငံပိုင် သတင်းစာတွင် ၁၈ ရက်နေ့ ၌ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဂျပန်နိုင်ငံ ငလျင် ဒုက္ခသည်များအား ဒေါ်လာ ၁၀ သောင်း။ ဂျပန်ယန်းဖြင့် သောင်း ၈၁၀ ကို မြန်မာနိုင်ငံဆိုင်ရာSAITOU TAKASHI ဂျပန် သံအမတ်ကြီးအား လက်ဝယ်လှူဒန်းခဲ့သည်ဟု သိရှိရသည်။
မိမိနိုင်ငံတွင် နာဂစ်မုန်တိုင်းခံရသော ဒုက္ခသည်များအား ပြည့်စုံအောင် ပြန်လည်ထူထောင်ရေးများကို လျစ်လှူ့ ရှုနေပြီး သောက်ရေကန်များ စာသင်ကျောင်းများ နေအိမ်များ ပြည့်စုံအောင်ဆောင်ရွက်ပေး နိုင်ခြင်း မရှိသေးဘဲ စားဝတ် နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသော နာဂစ်ပြည်သူများအား မျက် ကွယ်ပြုကာ ဂျပန်ငလျင် ဒုက္ခသည်များအား အမောက်များပြားသောငွေများကို လှူဒန်းခြင်းသည် နိုင်ငံရှိပြည်သူများအဖို့  ၀မ်းနည်းစရာပင်ဖြစ်သည်။ လူသားခြင်းစာနာမှုကိုနားလည်သော်လည်း မိမိနိုင်ငံ လူမျိုးများအတွက်လည်း ပြန်လည်စဉ်းစားသင့်သည်။ဗိုလ်ချုပ်များလက်ဝယ် ဒေါ်လာကိုင်ထားကြောင်း
သေချာနေသည်။ ပြည်သူများ ဒေါ်လာကိုင်ခွင့်မရှိပါ။ အကျိုးလိုလို့ ညောင်ရေလောင်းသလော။
