Saturday, August 15, 2015

ကြံခိုင်ဖွံ့ ဖြိုးရေးပါတီရဲ့  အာဏာလူ့ ပွဲ တပ်တွင်းမိသားစု
တွေကြားမှာ မကြေမနပ်ဖြစ်ပေါ်နေ


ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌ ဦးရွှေမန်း ရာထူး ကနေ သြဂုတ်လ ၁၂ ရက်ေ န့ ည မှာ
အင်အားသုံးပြီး ဖယ် ရှားခံလိုက်ရတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး နိုင်ငံရေးဝန်းကျင်မှာ ဂယက်ရိုက်
ခဲ့ပြီး ရဲနဲ့ စစ်တပ်ကို အသုံးပြုခဲ့တဲ့အပေါ် ဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေတယ်လို့ 
အများကရှုမြင်နေကြပါတယ်။လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဟာ ပြည်တော် နေအိမ်ကနေ
အခြားတစ်နေရာကို ပို့  ဆောင်ခံထားရတယ်လို့  သတင်းတွေထွက်ပေါ်နေပါတယ်။

သူရ ဦးရွှေမန်း နေအိမ် အနီးမှာ လက်နက်ကိုင် လုံခြုံ ရေးအစောင့် အကျပ်တွေ ထူထပ်စွာ
ချထားပြီးဦးရွှေမန်းကို ဘယ်နေရာမှထားတယ်ဆိုတာ တိတိကျကျမသိရသေးသလို ဖြစ်စဉ်
တွေအပေါ် သူကိုတိုင်ဖြေကြားမှုမပြုလုပ်သေးတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
စစ်တပ်အသိုင်းအ၀ိုင်းက လာတဲ့သတင်းအရ သူကိုဖမ်းဆီးထားတယ်လို့  ယူဆရကြောင်းနဲ့ 
သူနဲ့ ပါတ်သက်သူတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့  ဆိုပါတယ်။ တပ်မတော်ထဲမှာ
လည်း သူရရွှေမန်းနဲ့  ရင်းနှီးတဲ့သူတွေနဲ့  ဆရာတပည့် ပါတ်သက်ခဲ့သူတွေ ကြားထဲမှာ
မတရားမှုတစ်ခုဖြစ်တယ်လို့  ပြောဆိုသံတွေလည်း ရှိနေပါတယ်။ ပါတီတစ်ခုရဲ့  ဖြစ်စဉ်မှာ
ရဲနဲ့ စစ်တပ်ကပါဝင်ပြီး အာဏာသိမ်းတဲ့သဘောမျိုးဖြစ်ခဲ့တာဟာ တပ်မတော်အတွက်
သိက္ခာကျစေတဲ့ လုပ်ရပ်ဖြစ်ပြီး အင်အားမသုံးသင့်ဘူးလို့  စစ်တပ်ထဲမှ ဝေဖန်သံတွေလည်း
ထွက်ပေါ်လာနေပါတယ်။

လက်ရှိအနေအထားအရ လွှတ်တော် ဥက္ကဌ ကို အပြစ်မရှိဘဲ ဥပဒေကြောင်းအရ ဖမ်းဆီးလို့ မရ
နိုင်ကြောင်း၊ ဖြစ်မှုတစ်ခုကို အကြောင်းပြပြီး ဖမ်းဆီးဖို့ ကြိုးစားတာကလည်း အာဏာရှင်တွေရဲ့ 
လုပ်ရိုးလုပ်စဉ်ဖြစ်နေတာကြောင့် ဒီလိုမတရားမှုတွေဖြစ်လာရင် ပြည်သူတွေအနေနဲ့ လက်ခံမှာ
မဟုတ်သလို တပ်မတော်အနေနဲ့လည်း လက်မခံဘူးလို့  တပ်ရင်းမှူးကြီး တစ်ဦးက ဆိုထားပါ
တယ်။

သူရဦးရွှေမန်းဟာ DSA အပါတ်စဉ် ၁၁ ဆင်းဖြစ်ပြီး တပ်မတော်ရဲ့  တတိယနေရာဖြစ်တဲ့ ညှိနှိုင်း
 ကွပ်ကဲ ရေးမှုးနေရာ ကနေလာတာပါ။ တပ်မတော်မှာရှိစဉ်ထဲက တပ်သားတွေနဲ့  ရင်းနှီချစ်ခင်
စွာနေထိုင်ခဲ့သူဖြစ်ပြီး အဆင့်ဆင့်နေရာရလာကနေ လက်နက်ကိုင်အဖွဲ့ အစည်းအတွင်းမှာ
အမိန့် ပေး နိုင်စွမ်းရှိသူ သက်သက်သာမကပဲ နယ်ပယ်ပေါင်းစုံမှာ ခြေရာနှံစပ် ပေါင်းစပ်ပါဝင်နေ
တတ်သူပါ။ အောက်ခြေတပ်မတော်သားတို့ ရဲ့ ချစ်ခင်မှု ၊ အထင်ကြီးနိုင်လောက်တဲ့ တိုက်ရည်
 ခိုက်ရည်၊ ပြတ်သားမှု၊ စည်းရုံးရေးစွမ်းရည်တို့ မှာ သူရဦးရွှေမန်းဟာ ကောင်းစွာ တည်ဆောက်
နိုင်ခဲ့သူပါ။

တပ်တွင်းမှာ လက်ရှိအစိုးရက ပါတီတွင်း အာဏာသိမ်းမှုမှာ စစ်တပ်ကို အသုံးချခဲ့တာကြောင့်
တပ်တွင်း သူ့ လူကိုယ့်လူ မကျေနပ်မှုများဖြစ်ပေါ်နေပြီး အားပြိုင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။
သူရရွှေမန်းကို အပြတ်ရှင်းနိုင်ဖို့  ဥပဒေလမ်းကြောင်းရှာနေပါတယ်။ လက်ရှိ သူရရွှေမန်းရဲ့ 
မိသားစု ပိုင်ဆိုင်ထားမှုတွေကို ထိန်းချုပ်ထားပြီး မိသားစုနဲ့  နီးစပ်သူတွေကို စစ်ဆေးနေတာ
ရှိပါတယ်။လူတစ်စုရဲ့  ကောင်းစားရေးအတွက် ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို တပ်သားတွေ
 မကျေမနပ်ဖြစ်နေကြပြီး ၂၀၁၅ ရဲ့  အခြေအနေဟာ ပြောင်းလဲနိုင်တဲ့အခြေအနေပေါ်
 စိုက်ရောက်လာနေပါတယ်။

လက်ရှိတပ်တွင်းအနေအထားဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ဘာမှပြောင်းလဲမလာပါ။
အောက်ခြေ စစ်သားမိသားစုတွေဟာ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့  ဆင်းဆင်းရဲရဲ နေထိုင်
ကြရသူတွေများပါတယ်။ ဗိုလ်ချုပ်ကြီးတွေရဲ့  နေရာလူ့  အာဏာသိမ်းပွဲကြောင့် တပ်သားတွေ
ကြားမှာ လူတစ်စုသာချမ်းသာနေပြီး အများစုက ဆင်းရဲဒုက္ခ ရောက်နေကြကာ မကျေနပ်မှုတွေ
ထွက်ပေါ်လာနေပြီး တပ်မတော်ရဲ့  အာဏာရှင်စရိုက်ကို  မကြိုက်နှစ်သက်ကြတဲ့ တပ်မတော်
သားအများဟာ ၂၀၁၅ မှာ အပြောင်းအလဲကိုလိုချင်ကြတယ်ဟု တပ်တွင်းမိသားစုများထံမှ
 သိရှိရပါတယ်။

မြသိန်း