Friday, July 12, 2013

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း န၀မအကြိမ်ထောက်ပံငွေပေးအပ်ပွဲ


ဇွန်လိုင် (၁၂) ရက် နံနက်(၁၀း၀၀) နာရီကရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိတော်ဝင်နှင်းဆီစားသောက်ဆိုင်
ွင်ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းန၀မအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲကိုကျင်းပခဲ့သည်။ အခမ်းအနားမှုးအဖြစ် ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးကျော်အောင်ကဆောင်ရွက်ပြီး သဘာပတိ
ဖောင်ဒေးရှင်းနာယက ဟံသာဝတီဦးဝင်းတင်က အမှာစကားပြောကြားခဲ့သည်။
 
ထိုနောက်န၀မအကြိမ် ဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေပေးအပ်ပွဲ၊ အလှူရှင်များ ဂုဏ်ပြုပွဲနှင့်သတင်း ထုတ်ပြန်ချက်ကို ဖောင်ဒေးရှင်းအလုပ်အဖွဲ့ဝင်(ရှေ့နေ)ဦးအောင်သိန်းက ကြေညာခဲ့ပြီး န၀မအကြိမ်    ထောက်ပံ့ငွေရရှိသူများနှင့်ပတ်သက်၍ စာရေးဆရာနေ၀င်းစံက ရှင်းလင်းပြောကြားခဲ့သည်။
 
န၀မအကြိမ်ထောက်ပံ့ငွေရရှိသူ စုစုပေါင်း(၃၉)ဦးနှင့် အဖွဲ့အစည်း(၁)ခုတို့ ကိုထောက်ပံ့ငွေ စုစုပေါင်း(၁၁၂)သိန်းကို ထောက်ပံ့ငွေပေးအပ်ခဲ့သည်။အစီအစဉ်အရထောက်ပံ့ငွေရရှိသူတဦးက   ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလျှုရှင်များကိုဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီးသဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး နေ့လည်(၁၂း၀၀)နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။