Thursday, July 11, 2013

အဖွဲ့ချုပ် လူငယ် အာဇာနည်နေ့ ကျပန်းစကားပြောပြိုင်ပွဲ

၂၀၁၃ခုနှစ်၊ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သော ၆၆ နှစ်မြောက်အာဇာနည်နေ့                          အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးအား လေးစား သတိရသောအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)မှ ဦးဆောင်၍ အာဇာနည်နေ့နှင့်သက်ဆိုင်သည့် ကျပန်း စကားပြောပြိုင်ပွဲကို ဇူလိုင်လ (၁၆၊ ၁၇၊၁၈)ရက်နေ့များ၌ အဖွဲ့ချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ပါသည်။ ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်လိုသော အသက် ၃၅နှစ်အောက် အဖွဲ့ချုပ်လူငယ်များအနေဖြင့် (၁၅.၇.၂၀၁၃) တနင်္လာနေ့နောက်ဆုံးထား၍ အဖွဲ့ချုပ်ရုံးရှိ(လူငယ်)ရုံးခန်းသို့ ရုံးချိန်အတွင်း သတင်းပေးပို့ကြပါရန်   လေးစားစွာအသိပေးပြောကြား ဖိတ်ခေါ်အပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်