skip to main |
skip to sidebar
ပြည်သူတွေအနေနဲ့ အာဇာနည်သူရဲကောင်းတွေ ကို လေးစားနေရုံနဲ့မပြီးပဲ
အာဇာနည်စိတ်ဓာတ် ဆိုတာကို နားလည်ဖို့လိုကြောင်း အာဇာနည် သတ္တိဆိုတာ
အများအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့ စိတ်ဓာတ်မျိုးကို ခေါ်တာဖြစ်တယ်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး
မကျင်းပခင်မှာ ၆၆ ကြိမ်မြောက် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေနဲ
့တွေ့ဆုံရာမှာ အခုလိုပြောကြားခဲ့တာပါ။
"အဲဒါကို သေသေချာချာ ပြည်သူလူထုက နားလည်ဖို့လိုတယ်၊ အာဇာနည်
သူရဲကောင်းတွေဆိုတာ ဘာလဲ၊ ဘယ်လိုသတ္တိမျိုးဆိုတာ လေးစားရမှာလဲ၊
အကျယ်အားဖြင့်ပြောရင် အာဇာနည်သတ္တိဆိုတာ အများအတွက်သတ္တိပေါ့ ကိုယ့်အတွက်
မဟုတ်ဘူး"
ဒေါ်အောင်ဆန်းစုကြည်။
ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက်
အာဇာနည်နေ့မှာ အစိုးရက ဥသြဆွဲဖို့
အစီအစဉ်မရှိ၊ စစ်အစိုးရလက်ထက် သမိုင်းတွေကိုဖျောက်ဖျက်ဖို့  ကျိုးစားခဲ့သော်လည်း ပြည်သူများအနေဖြင့် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစုရဲ့  လက်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီများကို မမေ့အပ်ဘဲ လေးစားဂုဏ်ပြုတဲ့အနေနဲ့  မနက်
၁ဝ နာရီ ၃၇ မိနစ်မှာ အမြို့ မြို့ အနယ်နယ်တိုင်းတွင် အလေးပြု အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပကြမယ်လို့ သိရှိရပါတယ်။