skip to main |
skip to sidebar
အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ မြ၀တီမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် ဥက္ကဋ္ဌ
ဦးပြုံးချိုနှင့် အတွင်းရေးမှူး ဦးသန့်ဇင်အောင်တို့ ယနေ့(၁၅.၇.၁၃)ရက်နေ့
နံနက်(၉)နာရီ တွင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ မြို့မိ/ဖများ၊
မြို့တော်စည်ပင်သာယာလှပရေးအဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊
ရွှေပါရမီအခမဲ့ဆေးခန်းအဖွဲ့၊ စေတနာ နာရေးလူမှုကူညီရေးအသင်း၊
အခြားလူမှုကူညီအသင်းအဖွဲ့များနှင့်
နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ပြီး နံနက်(၉း၁၅)စတင်၍ (၁၀း၃၀)တွင်
အစည်းအဝေးပြီးမြောက်ခဲ့ပါသည်။ အာဇာနည်နေ့ အခမ်းအနားကို စည်းကမ်းရှိစွာနဲ့
စည်စည်ကားကားပြုလုပ်ရန် ကျင်းပရေးကော်မတီမှ စီစဉ်ထားပါသည်။ နံနက်
(၆)နာရီတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ
ကျဆုံးသွားသော (၁၀နာရီ ၃၇ မိနစ် )တွင် အလေးပြုခြင်း၊
လွမ်းသူပန်းခွေချခြင်းအစီအစဉ်များကို
စည်းကမ်းတကျ ပြုလုပ်သွားမည် ဟု သိရပါသည်။ လွမ်းသူပန်းခွေချလိုသော
အသင်းအဖွဲ့များအနေဖြင့် ကျင်းပရေးကော်မတီသို့ (၁၈)ရက်နေ့နောက်ဆုံးထား၍
စာရင်းပေးသွင်းကြရန် ကြိုတင် ဖိတ်ခေါ်ထားပါသည်။
Myawaddy nld