Wednesday, January 23, 2013

Y.I.Eco Students' Union (ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)




















၂၀၁၃-၁-၂၃

(တ.က.သ)ရန်ကုန်စီးပွားရေးတက္ကသိုလ်သမဂ္ဂအသင်းဝင်သစ်များနှင့်မိတ်ဆက်တွေ့ဆုံခြင်း
ယနေ့၂၁.၁.၂၀၁၃ရက်နေ့တွင်(ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)အသင်းဝင်သစ် များဖြစ်သောစီးပွားရေးတက္ကသိုလ်ရွာသာကြီးရှိဒီဇင်ဘာအမျိုးသမီးဆောင်မှအသင်းဝင်ကျောင်းသူကျောင်းသားများအားမိတ်ဆက်တွေဆုံပွဲပြုလုပ်ခဲ့ပြီးတက်ရောက်လာသောသမဂ္ဂအသင်းဝင်များ အား ကျောင်းသားသမဂ္ဂကျောင်းသားခေါင်းဆောင်ကိုစည်သူမောင်မှသမဂ္ဂ၏သမိုင်းကြောင်းများ။          စိတ်ဓာတ်အစဉ်အလာများ။ရှေ့ဆက်လုပ်ငန်းစဉ်များနှင့်အားလုံးပါဝင်နိုင်မှုအခြေအနေများအားရှင်း           ပြဆွေးနွေးခဲ့ပြီးအလုပ်အမှုဆောင်များဖြစ်သောကိုဇေယျာလွင်။ကိုမင်းသူကျော်။မစုစုလင်း...အပါအ၀င်သမဂ္ဂအလုပ်အမှုဆောင်များမှလဲလုပ်ငန်းပိုင်းဆိုင်ရာရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြသည်။ထို့နောက်တက်ရောက်လာသူသမဂ္ဂအသင်းဝင်များကသိရှိလိုသည်များကို မေးခွန်းများမေးမြန်းခြင်းနှင့်ဆွေးနွေးဖြေကြားခြင်းအားပြုလုပ်ခဲ့ကြပြီးထိုတွေ့ဆုံပွဲအား၂နာရီကျော်ကြာပြုလုပ်ခဲ့ကြသည်။ထိုမိတ်ဆက်တွေဆုံပွဲသို့ရန်ကုန်စီးပွားရေးတက္ကသိုလ်ဒီဇင်ဘာအမျိုးသမီးဆောင်မှသမဂ္ဂအသင်းဝင်စုစုပေါင်း၃၀ကျော်ခန့်တက်ရောက်ခဲ့ကြသည်။(ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)သည်၂၀၁၂ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ သမဂ္ဂအသင်းဝင်စုစုပေါင်း၈၀ကျော်ခန့်ရှိနေပြီဖြစ်    သည်။