Tuesday, January 22, 2013

National Endowment for Democracy မှ Louisa Greve ၈၈မျိုးဆက်ကျောင်းသားများနှင့်တွေ့ ဆုံ

ယနေ့ ဇန်နဝါရီလ၊(၂၂)ရက် မွန်းလွဲ(၃းဝဝ)နာရီက ရန်ကုန်မြို့သို့ရောက်ရှိနေသော အမေရိကန်နိုင်ငံ အခြေစိုက် National Endowment for Democracy မှ Louisa Greve (Vice President,Programs Asia,Middle East & North Africa,Global နှင့် John Knaus (Senior Program Officer for Asia) တို့နှစ်ဦးသည် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းသို့ ရောက်ရှိလာရာ ကိုကိုကြီး၊ ပြုံးချိုနှင့် မနုနုအောင်တို့က လက်ခံတွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် ၈၈မျိုးဆက်ကျောင်းသားများ၏    လှုပ်ရှားဆောင်ရွက်နေမှုများနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်များကို တစ်နာရီကျာ်ကြာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။