၂၀၁၃-၁-၂၅
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ဟာဝိုင်အီကျွန်း ကို ၃နာရီ မှာ ချောမောစွာ ရောက်ရှိခဲ့ပါတယ်။ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် ပြည်ထောင်စု ဟိုနိုလူလူ
ကျွန်း က ဟိုနိုလူလူမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ရိုတရီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ “Rotary Global Peace Forum” မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ ဟာဝိုင်အီ ငြိမ်းချမ်းရေးဆု ကိုလည်း လက်ခံရယူမှာ ဖြစ်သလို ဟာဝိုင်အီပြည်နယ်မှာနေထိုင်တဲ့ မြန်မာနိုင်ငံဖွား မိသားစုတွေနဲ့လည်း တွေ့ဆုံမယ်လို့ သိ
ရပါတယ်။