Monday, December 17, 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဆေးကုသမှုခံယူနေ
သော သံဃာတော်များအား အလှူငွေများလှူဒါန်း

 ၂၀၁၂-၁၂-၁၇
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြကြသူများအားဖြိုခွဲရာတွင် မီးလောင်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသော ရဟန်းသံဃာတော်များထဲမှ ဦးဝိသုဒ္ဓ(အလယ်တိုက်ကြီး ဒက္ခိဏာရာမကျောင်းတိုက် မန္တလေး)၊ ဦးစန္ဒောဘာသ (အလယ်တိုက် ပခုက္ကူ)၊ ဦးသုစိတ္တ (ဇောတိကာ  ရုံကျောင်းတိုက် မုံရွာ)၊ ရှင်သဇ္ဇန(မြို့မရွှေဂူကျောင်းတိုက် မုံရွာ)စသည့်သံဃာတော်(၄)ပါးသည် မန္တလေးမြို့မှရန်ကုန်ဆေးရုံကြီးမျက်နှာနှင့်မေးရိုး(အထူးကြပ်မတ်ဆောင်)သို့ဒီဇင်ဘာလ၊ (၁၆)ရက်နံနက်(၇း၀၀)နာရီကရောက်ရှိခဲ့ကြရာ ယနေ့ဒီဇင်ဘာ၊(၁၇)ရက် မွန်းလွဲ(၂း၀၀)နာရီက  မင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က သဃာတော်များ ဆေးကုသမှုခံယူနေ   သော ရန်ကုန်ဆေးရုံကြီးမျက်နှာနှင့် မေရိုးအထူးကြပ်မတ်ဆောင်သို့သွားရောက် ဂါရဝပြုတွေ့ဆုံ အားပေးခဲ့ကြပြီး အလှူငွေများလှူဒါန်းခဲ့ကြသည်။