Saturday, June 9, 2012
ရန်ကုန်မြို့၊မြို့တော်ခန်းမရှေ ကချင် လူငယ်လေးများ၏ လှုပ်ရှားမှု
 ၂၀၁၂-၆-၉
ယနေ့ညနေတွင် ရန်ကုန်မြို့၊မြို့တော်ခန်းမရှေ့ ၊ မဟာဗန္ဓုလပန်းခြံလန်း(ဘားလမ်း)တို့တွင် ကချင်  လူငယ်လေးများမှ ကချင်ဒေသ တစ်ကျော့ပြန်စစ်ဘေးသင့် (၁)နှစ်ပြည့်အခမ်းအနားသို့   မည်သူမဆို ကြွရောက်နိုင်ရန်အတွက် လက်ကမ်းဖိတ်စာများ ဝေငှခြင်း၊ငြိမ်းချမ်းရေးသီချင်းများကို ဂစ်တာဖြင့်  တီးခတ်ဖျော်ဖြေသွားကြပါသည်။ မြန်မာနိုင်ငံ၏မြောက်ပိုင်းဒေသ ကချင်ပြည်နယ်တွင် ယခုအချိန်အထိ     အစိုးရနှင့် ကချင်တိုင်းရင်းသာ ကေအိုင်အေတို့ တိုက်ခိုက်လျှက်ရှိသော တိုက်ပွဲများမှာ အဆုံးသတ်ရပ်   တန့် သွားခြင်းမရှိသေးဘဲ ဆက်လက်ဖြစ်ပွါးနေစဉ်အချိန်တွင်းတွင် ရခိုင်လူမျိုးများနှင့်အစ္စလာမ်ဘာသာ
ဒါ့ကြောင့် မြန်မာပြည်တွင်းဖြစ်ပွါးလျှက်ရှိသောစစ်ပွဲများ၊လူမျိုးရေးအဓိကရုဏ်းများအမြန်ဆုံးရပ်တန့်ပြီး
ငြိမ်းချမ်းရေးအပြည့်နှင့်စစ်မှန်သောဒီမိုကရေစီ နိုင်ငံတော်ကြီးကို ၀ိုင်းဝန်းကာကွယ်တည်ဆောက် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ကြပါစေ။
လူအချင်းချင်း သတ်ဖြတ်နှိပ်စက်ခြင်း ကင်းဝေးကြပါသေ။ (ကောင်းသိခ)င်္