Friday, June 22, 2012
ပထမဆုံးအကြိမ် စီးပွားရေးရင်းနှီးမြှပ်နှံခြင်း ထိပ်သီးဆွေးနွေးပွဲ
မြန်မာနိုင်ငံအပေါ် EU ဥရောပနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက စီးပွားရေးအရ ဒဏ်ခက်ပိတ်ဆို့ထားမှုတွေ တစ်ဖြည်းဖြည်း လျှော့ချလာတာနဲ့အတူ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်း
ရှင်တွေအကြား ပထမဆုံးအကြိမ် စီးပွားရေးရင်းနှီးမြုပ်နှံခြင်း ထိပ်သီးဆွေးနွေးပွဲ (New Myanmar Investment
Summit 2012 )ကို ဇွန်လ ၂၀ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်က park Royal Hotel မှာ ကျင်းပပြုလုပ်
ခဲ့ပါတယ်။ Centre for Management Technology ကုမ္မဏီက ဦးဆောင်ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအကြောင်းအရာတွေ ၊ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးကဏ္ဍတွေ ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ
သူတွေ နဲ့ မြန်မာကုမ္မဏီတွေအကြား အစုရှယ်ယာ ဝယ်ယူခွင့် ၊ မြေယာ အသုံးပြုခွင့်၊ နိုင်ငံခြား ကုမ္မဏီတွေအတွက်
အခွင့်အလမ်း စတာတွေကို ဆွေးနွေးသွားခဲ့ ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး
ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကံဇော် ၊ ဘူမိဗေဒ အရာရှိချုပ် ဦးနု ၊ Centre for Management
Technology မှ မန်နေဂျင်းဒါရိုက်တာ G.Seelan (စကာင်္ပူ) နဲ့ ၊ ပြည်ပကုမ္မဏီ ၂၅၀ ကျော်မှ စီးပွားရေးလုပ်ငန်း
ရှင်တွေ ၊ သံရုံးကိုယ်စားလှယ်တွေ နဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
Posted by
mya thein