၂၀၁၂-၆-၆
အထိမ်းအမှတ် အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပဇွန်လ ၆ ရက်၊ ၂၀၁၂ ခုနှစ်-YPI ၁၉၇၄ ခု ဇွန်လ
၆ ရက်နေ့တွင် အလုပ်သမားဆန္ဒပြမှုအား ပထမဆုံး အင်အားသုံးဖြိုခွဲသဖြင့် သွေးမြေကျခဲ့ရသည့် ၃၈ နှစ်မြောက် နှစ်လည်နေ့ကို ယနေ့မွန်းလွဲပိုင်းက ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည်။ ယခုကဲ့သို့ လူပရိသတ်များဖြင့် ပွင့်ပွင့်လင်းလင်း ကျင်းပခြင်းမှာ ၃၈ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းအခမ်းအနားကို ၇၄၊ ၇၅၊ ၇၆ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား အရေးခင်းများဖြစ် သည့် ဦးသန့်အရေးအခင်း၊ ရွှေတိဂုံအရေးအခင်း အထိမ်းအမှတ်အခမ်းနား အဖြင့်ပါ တွဲလျှက်ကျင်းပခဲ့သည်။
၇၄ အလုပ်သမားအရေးခင်းတွင် ပါဝင်ခဲ့သည့် အလုပ်သမားခေါင်းဆောင်များ၊ ဦးသန့်အရေးအခင်းတွင် ပါဝင်ခဲ့သည့်
ကျောင်းသားခေါင်းဆောင်များ နှင့်အတူ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ၈၈
မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တက်ရောက်ကာ ယင်းအဖြစ်အပျက်များနှင့်
ပတ်သက်၍ သမိုင်းဖြစ်ရပ်များ ထိုစဉ်က ရက်စက်စွာနှိမ်နှင်းခဲ့ပုံများကို ပြောကြားခဲ့ကြသည်။ဦးဝင်းတင်က
ထိုစဉ်က အလုပ်သမား အရေးအခင်း အဖြစ်အပျက်နှင့် ယနေ့လက်ရှိ အလုပ်သမား
အရေးတောင်းဆိုနေမှုများကို ယှဉ်ပြကာ ပြောဆိုသွားသည်။ တောင်းဆိုမှုများ
တိုက်ပွဲများ ဆက်လက်ပေါ်ထွက်နေဦးမည်ဟု လည်း ၎င်းက ပြောဆိုသွားသည်။
အထိမ်းအမှတ် အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပဇွန်လ ၆ ရက်၊ ၂၀၁၂ ခုနှစ်-YPI ၁၉၇၄ ခု ဇွန်လ
၆ ရက်နေ့တွင် အလုပ်သမားဆန္ဒပြမှုအား ပထမဆုံး အင်အားသုံးဖြိုခွဲသဖြင့် သွေးမြေကျခဲ့ရသည့် ၃၈ နှစ်မြောက် နှစ်လည်နေ့ကို ယနေ့မွန်းလွဲပိုင်းက ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည်။ ယခုကဲ့သို့ လူပရိသတ်များဖြင့် ပွင့်ပွင့်လင်းလင်း ကျင်းပခြင်းမှာ ၃၈ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းအခမ်းအနားကို ၇၄၊ ၇၅၊ ၇၆ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား အရေးခင်းများဖြစ်
၇၄ အလုပ်သမားအရေးခင်းတွင် ပါဝင်ခဲ့သည့် အလုပ်သမားခေါင်းဆောင်များ၊ ဦးသန့်အရေးအခင်းတွင် ပါဝင်ခ